တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ရှမ်းပြည်နယ်အတွက် အောက်ဆီဂျင်စက် အလုံး ၁၅၀ လှူဒါန်း

 

မူဆယ်    ဩဂုတ်   ၂၇ 


မူဆယ်မြို့၌  မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ကောင်စစ် ဝန်ချုပ်ရုံးမှ    ရှမ်းပြည်နယ်အတွင်းရှိ  ကိုဗစ်- ၁၉ ရောဂါ ခံစားနေရသူပြည်သူ   များအသုံးပြုနိုင်ရန်အတွက်    ကုသ ရေး         အသုံးအဆောင်ဖြစ်သော အောက်ဆီဂျင်စက်   အလုံး    ၁၅၀ လှူဒါန်း ခြင်းကို ယနေ့  မွန်းလွဲ   ၂ နာရီက  မူဆယ်ခရိုင်  စုပေါင်းရုံးခန်းမ၌ ပြုလုပ်သည်။


အဆိုပါအခမ်းအနားသို့   မူဆယ်  ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး နှင့်    အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မှ     ဗိုလ်မှူးကြီး   ဇေယျာလင်းတို့  တက်ရောက်ကြပြီး    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ    မန္တလေးအခြေစိုက်၊ ကောင်စစ်ဝန်ချုပ်ကိုယ်စား ဦးမောင်စိန် (မင်္ဂလာမူဆယ်)နှင့် ကိုယ်စားပြုအဖွဲ့ က ပေးအပ်ခဲ့ပြီး မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က         လက်ခံကြောင်း သိရသည်။


အယ်လ်စိုး(မူဆယ်)