တရုတ် - မြန်မာပို့ဆောင်ရေး ပူးတွဲပို့ဆောင်မှု “ကုန်တင်လက်မှတ်တစ်စောင်တည်းစနစ်”ဖော်ဆောင်

 

ကူမင်း  နိုဝင်ဘာ ၁၀


တရုတ်-မြန်မာပို့ဆောင်ရေး ပုံစံမျိုးစုံပူးတွဲပို့ဆောင်မှု ပထမဆုံးကုန်တင်လက်မှတ်   ရင်းနှီးငွေထည့်ဝင်မှုနှင့် ကုန်တင်လက်မှတ်(Bill of Loading)လွှဲပြောင်းပေးအပ် ခြင်းအခမ်းအနားကို Bank of China ကူမင်းလွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ဘဏ်ခွဲ၌  နိုဝင်ဘာ ၃ ရက်က ကျင်းပသည်။ 

 


လွတ်လပ်စွာ ကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နယ်စပ် ဖြတ်ကျော် ကုန်စည်စီးဆင်းမှု၊ နယ်စပ်ဂိတ်ဖြတ်သန်းမှု၊ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှု၊ ကားလမ်း-ရထား လမ်း ပူးတွဲပို့ဆောင်မှု၊     ကုန်ကြမ်းတင်သွင်း၍ ကုန်ချောပြုလုပ်ပြီး   တင်ပို့ခြင်းဖြင့်  အခွန်လျှော့ခြင်း (Bonded) ၊ ကုန်ပစ္စည်းထုတ်ယူခွင့်စသည့် ပြုပြင် ပြောင်းလဲဆန်းသစ် တီထွင်သောစနစ်များ စုစည်း ထားမှုကို ဖော်ဆောင်လိုက်ပြီး တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှု    လမ်းကြောင်း စည်းကမ်းပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို ဖော်ဆောင် လိုက်ခြင်းပင်ဖြစ်ကြောင်း တရုတ်သံရုံးက သတင်း ထုတ်ပြန်ထားသည်။

 


ယခုအကြိမ် ပို့ဆောင်မှုတွင်     ရထားလမ်း၊ ကားလမ်း      နယ်စပ်ဖြတ်ကျော်ပူးတွဲပို့ဆောင်မှု  “ကုန်တင်လက်မှတ်တစ်စောင်တည်းစနစ်”ကို အသုံး ပြုပြီး ကားလမ်း ၃၇၀ ကီလိုမီတာခန့်၊ ရထားလမ်း ၈၅၀ ကီလိုမီတာခန့်ရှိကာ   စုစုပေါင်းခရီးအရှည် ၁၂၂၀ ကီလိုမီတာရှိသည်။   ထို့ပြင်   တရုတ်-  မြန်မာ ကားလမ်း၊ ရထားလမ်း  ပူးတွဲပို့ဆောင်မှု   ကုန်စည် စီးဆင်းမှု စခန်းပေါင်း ၂၀ ကျော်ကို ကျော်ဖြတ်၍ ကုန်ပစ္စည်းကုန်တင်မှု၊ စောင့်ကြည့်မှု၊ အကောက်ခွန် ဌာနဖြတ်သန်းမှု၊ ရွှေ့ပြောင်းပို့ဆောင်မှုစသည်တို့ကို ဖြတ်ကျော်ပြီး  နောက်ဆုံးတွင်     ကုန်ပစ္စည်းကို မြန်မာနိုင်ငံမှ ကားလမ်းဖြင့် လန်ချန်း-ချင်းရွှေဟော် နယ်စပ်ဂိတ်သို့ ဝင်ရောက်ကာ ကုန်တင်ပြီး လန်ချန်း ဘူတာတွင် ရထားလမ်းသို့ရွှေ့ပြောင်း၍    ဟုန်ဟော် အထွေထွေ  Bonded ဇုန်သို့    ပို့ဆောင်ရောက်ရှိ မည်ဖြစ်ကြောင်း သိရသည်။


သီရိ