တရုတ်-မြန်မာ နယ်စပ်ဂိတ်များ၌ ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်ရေး ဆောင်ရွက်

 

နေပြည်တော်  ဇွန်  ၉


တရုတ်နိုင်ငံ         ယူနန်ပြည်နယ်            ကူမင်းမြို့ အခြေစိုက်   မြန်မာကောင်စစ်ဝန်ချုပ်ရုံး    ကောင်စစ် ဝန်ချုပ်  ဦးသော်တာအောင်နှင့်  အဖွဲ့သည် ဇွန်  ၈ ရက်တွင်ကျရောက်သော မြန်မာ-တရုတ်  သံတမန် ထူထောင်သည့်  (၇၂) နှစ်မြောက်နေ့ အထိမ်းအမှတ် အဖြစ်    တဲဟုန်ပြည်နယ်ခွဲ    အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍   နယ်စပ်ဂိတ်များ၌   ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ရေး ဆွေးနွေးခဲ့ကြသည်။    

 


ထို့ပြင်    မြန်မာ-တရုတ်  နယ်စပ်ဂိတ်များဖြစ် သည့် မူဆယ်-ကျယ်ဂေါင်ဂိတ်၊  ကျိန်းစန်းကျော့- ဝမ်တိန်ဂိတ်နှင့်       လွယ်ဂျယ်-ကျန်းဖုန်းဂိတ်များသို့  သွားရောက်လေ့လာခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကာလများအတိုင်း   ကုန်စည်စီးဆင်းမှု      ပြန်လည် အားကောင်းစေရေးအတွက်      ဆွေးနွေးညှိနှိုင်းခဲ့ ကြောင်း သိရသည်။

 


ထို့ပြင်  တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသား များအား     နေထိုင်မှုသက်တမ်းတိုးမြှင့်ပေးခြင်း လုပ်ငန်းစဉ်များကိုလည်း       သွားရောက်လေ့လာခဲ့ ကြောင်း သိရသည်။                                                              

သီရိ