
နေပြည်တော် ဩဂုတ် ၃၀
တရုတ် - မြန်မာ နှစ်နိုင်ငံစိုက်ပျိုး ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအစည်းအဝေးအတွက် အကြိုပြုလုပ်သည့် တရုတ် - မြန်မာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက် မှု ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ကြပြီး တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ စိုက်ပျိုးရေးပညာရှင် အဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ၊ ကိုယ်စားလှယ်အဖွဲ့ များနှင့် နှစ်နိုင်ငံ သံရုံးကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာန၊ သိပ္ပံနည်းပညာနှင့် ပညာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhang Zhenhua နှင့် စီမံ ကိန်း ဦးစီးဌာန၏ ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆွေလင်းတို့က အမှာစကားပြောကြားကြသည်။
အစည်းအဝေးတွင် စိုက်ပျိုး ရေးလုပ်ငန်းအဖွဲ့အနေဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရေး ဆောင် ရွက်ခြင်း၊ ဗီဇအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်မှု ပိုမို အားကောင်းလာစေရေး ဆောင် ရွက်ခြင်း၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများ ပူးတွဲ အကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊ အပူပိုင်းဒေသသီးနှံ ဆိုင်ရာ စိုက်ပျိုးရေးနည်းပညာများ စမ်းသပ်ခြင်း၊ လက်တွေ့ပြသခြင်း၊ အပူပိုင်းဒေသသီးနှံ စိုက်ပျိုးရေး နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက် ခြင်း၊ ငါး/ပုစွန် သားဖောက် လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ခြင်း၊ သဘာဝငါးမျိုးစိတ် ဆိုင်ရာ သုတေသနများ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ငါးမွေးမြူရေး နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ခေတ်မီ ငါး လုပ်ငန်း ဖွံ့ဖြိုးရေးဇုန် တည်ထောင် ရေးစီမံကိန်း အဆိုပြုနိုင်ရေး ဆွေးနွေးခြင်း၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများ ထိန်း ချုပ်ရေးလုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် မွေးမြူရေး တိရစ္ဆာန် မျိုးပွားခြင်းလုပ်ငန်းများ ၌ ပူးပေါင်းဆောင်ရွက်ခြင်း၊ မွေးမြူ ရေး ရေလုပ်ငန်းတောင်သူများ အတွက် သင်တန်းနှင့် တိုးချဲ့ပညာ ပေးရေးဗဟိုဌာန တည်ထောင် ခြင်း၊ တရုတ် - မြန်မာ တက္ကသိုလ် များအကြား တိရစ္ဆာန်အာဟာရ ဗေဒ၊ တိရစ္ဆာန်ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် တိရစ္ဆာန် သားစပ်ခြင်းဆိုင်ရာ သုတေသန များ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဇီဝနည်းပညာနှင့် မျိုးဗီဇဆိုင်ရာ နိုင်ငံတကာအဆင့်မြှင့် သုတေ သနဗဟိုဌာန တည်ထောင်ခြင်း စသည့် ဆွေးနွေးချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်