တရုတ်-မြန်မာ ခရီးသွားလာရေးလုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေး တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၈

 


တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံအကြား ရှိရင်းစွဲခရီးသွားလာရေးလုပ်ငန်း များ   ပြန်လည်လည်ပတ်နိုင်ရေး၊   ဟိုတယ်နှင့် ခရီး  သွားလာရေးလုပ်ငန်းများ   ပူးပေါင်းဆောင်ရွက်နိုင် ရေးတို့နှင့် စပ်လျဉ်းပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ဌေးအောင်နှင့် တယ်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း(နေပြည်တော်) မြန်မာနိုင်ငံ ကိုယ်စား လှယ်ရုံး   ညွှန်ကြားရေးမှူး   Mr. Li Qigui တို့ နေပြည်တော်၌  စက်တင်ဘာ  ၂  ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 


တွေ့ဆုံရာတွင် တရုတ်- မြန်မာ ဆွေမျိုးပေါက် ဖော်   ချစ်ကြည်ရေးပွဲတော်များ  ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများ  ပူးပေါင်းဖွင့်လှစ်ရေး၊ ယူနန်ပြည်နယ် မန်စီမှ မန္တလေးနှင့် ရန်ကုန်သို့ ပျံသန်းခဲ့သည့် စင်းလုံး ငှား   လေယာဉ်ခရီးစဉ်များ    ပြန်လည်စတင်နိုင်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးနှင့်       ဘာသာစကား သင်တန်းများ   ဖွင့်လှစ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 


ပြည်ပခရီးသွားဧည့်သည်များ   မြန်မာနိုင်ငံသို့ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးအတွက်  ခရီးသွား ဈေးကွက် ပိုမိုရရှိရန်  ကြိုးပမ်းအကောင်အထည် ဖော်ရာတွင်  တရုတ်ခရီးသွားဈေးကွက်သည် ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်၏ မောင်းနှင်အား တစ်ခုအဖြစ် ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ်က တရုတ်ခရီး သွား  ၁၅၅  သန်းခန့်  ကမ္ဘာတစ်ဝန်းသို့   သွားလာ လည်ပတ်ခဲ့ပြီး အများဆုံး  အနေအထားတွင်  ရှိခဲ့ ကြောင်းနှင့် ထိုနှစ်က မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဧည့်သည် ၁ ဒသမ ၄   သန်းကျော်   ဝင်ရောက်ခဲ့ ကြောင်း  သိရသည်။                                  

ကိုရိုး