တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၂၇ 


တရုတ်-မြန်မာ     စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်     ဆောင် ရွက်မှုနှင့် စပ်လျဉ်း၍  သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်     ညှိနှိုင်း အစည်းအဝေးကို    ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ    ပူးတွဲကော်မတီ အဖွဲ့ဝင်          ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်    ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊   မကွေးတိုင်းဒေသ ကြီး၊    မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊   ရန်ကုန်တိုင်း ဒေသကြီး၊           ရှမ်းပြည်နယ် နှင့်  ဧရာဝတီတိုင်းဒေသကြီးတို့မှ စီးပွားရေးရာဝန်ကြီးများ၊ တရုတ်- မြန်မာ  စီးပွားရေးစင်္ကြံ   ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းအဖွဲ့  ဥက္ကဋ္ဌ များနှင့်   တာဝန်ရှိသူများ    တက် ရောက်ကြသည်။

 


အစည်းအဝေးတွင်  တရုတ်-မြန်မာ    စီးပွားရေးစင်္ကြံ     ပူးတွဲ ကော်မတီဥက္ကဋ္ဌ    စီမံကိန်းနှင့် ဘဏ္ဍာရေး           ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က  တရုတ်-မြန်မာ    စီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ  ပြန်လည်ဖွဲ့စည်း မှုနှင့်         အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့်  အခြေအနေ များ၊    ရှေ့ဆက်လက်အကောင်      အထည်ဖော်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံပူးတွဲကော်မတီ     တတိယ အကြိမ်    အစည်းအဝေးမတိုင်မီ နှစ်ဖက်လုပ်ငန်း      အဖွဲ့အဆင့် အစည်းအဝေး     ကျင်းပနိုင်ရေး အတွက်   ကြိုတင်ပြင်ဆင်ဆောင် ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း ၍ မှာကြားသည်။

 


ထို့နောက်   တက်ရောက်လာ ကြသည့် ပူးတွဲကော်မတီအဖွဲ့ဝင် များမှ  တရုတ်-မြန်မာ စီးပွားရေး စင်္ကြံပူးတွဲကော်မတီအောက်တွင် ဖွဲ့စည်းထားရှိသည့်   လုပ်ငန်းအဖွဲ့ များ၏    အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊     ရှေ့ဆက် ဆောင်ရွက်မည့်    အစီအစဉ်များ၊ ညှိနှိုင်းပေါင်းစပ်ရန်  လိုအပ်သည် များနှင့်စပ်လျဉ်း၍     ဆွေးနွေး တင်ပြကြသည်။

 


ဆွေးနွေးချက်များ      အပေါ် ပြည်ထောင်စုဝန်ကြီးက    ရှေ့ လုပ်ငန်းစဉ်များ  လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေး၊      Early Harvest           စီမံကိန်းများကို သတ်မှတ်ထားသည့်           အချိန် ကာလများအတိုင်း     ဆောင်ရွက် ပြီးစီးနိုင်ရေးတို့အတွက် မှာကြားခဲ့ ကြောင်း သိရသည်။  

 

သတင်းစဉ်