တရုတ် - မြန်မာ အထည်အလိပ်နှင့်စက်ယန္တရားကုန်စည်ပြပွဲတွင် အထည်ချုပ်လုပ်ငန်းရှင်၂၀၀‌ ကျော် ပြသ

 

ရန်ကုန်   ဒီဇင်ဘာ     ၉


မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း    (MGMA)နှင့် Chinese Textile & Garment Association In Myanmar(CTGA)တို့ ပူးပေါင်းပြီး တရုတ်- မြန်မာ  နှစ်နိုင်ငံ       အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ဒီဇင် ဘာ ၈ ရက်    နံနက်က    ရန်ကုန်မြို့ ရှိ        အင်းယားလိတ်ဟိုတယ် Yangon   Convention   Center (YCC)ခန်းမ၌ ကျင်းပသည်။


ပြခန်းများကြည့်ရှုအားပေး


အဆိုပါပြပွဲသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်   တိုင်းဒေသကြီးဝန်ကြီးများ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊Chinese Textile & Garment Association In Myanmar(CTGA)မှ တာဝန်ရှိသူ များက   ပြပွဲကို   ဖွင့်လှစ်ပေးပြီး  ပြခန်းများကို     ကြည့်ရှုအားပေး ကြသည်။

    
ပြခန်းပေါင်း၁၀၀ ကျော်ပြသ                       


အဆိုပါပြပွဲတွင် တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံမှ  အထည်ချုပ် လုပ်ငန်းရှင်ပေါင်း      ၁၀၀  ခန့် က     အဝတ်အထည်ဆိုင်ရာများ လာရောက်    ခင်းကျင်းပြသခြင်း၊ စက်ပစ္စည်း         လုပ်ငန်းရှင်များက ပြခန်းပေါင်း    ၁၀၀ ကျော်တွင် ထုတ်ကုန်ပစ္စည်းများကို   ပြသ သည်။   


ထို့ပြင်  တရုတ်နိုင်ငံမှ အမှတ် တံဆိပ်  ၂၈ ခု၊ အထည်အလိပ်နှင့်   အဝတ်အထည်များ၊     ဖိနပ်နှင့်          အိတ်ထုတ်ကုန်များ၊  Made   in Myanmar မှ ထုတ်ကုန်များဖြစ် သည့် အဝတ်အထည်များ ပြသ ခြင်း၊  မြန်မာနိုင်ငံ  အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ပြည်ပ အထည် ချုပ်    လုပ်ငန်းရှင်အသင်းများ ဖြစ်သည့်   ကိုရီးယား၊ ဂျပန်နှင့် တရုတ်(ဟောင်ကောင်)     တို့က အသင်းဝင်စက်ရုံများ၏   ပြခန်း များ  ခင်းကျင်းပြသသည်။


ပြပွဲကို ဒီဇင်ဘာ  ၁၀ ရက် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ  ပြသသွားမည်ဖြစ်ကြောင်း  သိရ သည်။                  

အာကာလင်း