တရုတ် - လာအို ရထားလမ်းက လာအိုနဲ့ ကမ္ဘာကို ပိုမိုနီးကပ်စေ

 

နေနှောင်းအိမ်
 

လမ်းပန်းဆက်သွယ်ရေး   အဆင်ပြေ ကောင်းမွန်မှုမရှိခြင်းက အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ လုံလောက်တဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု အခွင့်အလမ်းဆုံးရှုံး ခြင်း၊     ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ် ပိုခံစားရခြင်း၊  ပညာရေးအခွင့်အလမ်း နည်းပါးခြင်း စတဲ့နယ်ပယ်စုံကဏ္ဍစုံမှာ နိမ့်ကျမှုများစွာကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင်     ဒေသထွက်ကုန်များကို ဈေးကွက်သို့   အချိန်မီတင်ပို့ရောင်းချ နိုင်မှုမရှိခြင်းကြောင့် ထုတ်လုပ်မှုတန်ဖိုးကျဆင်းလာတဲ့အတွက်        မိသားစု ဝင်ငွေ     နည်းပါးလာခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။
ဘူတာရုံ ၂၁ ရုံကို ဆောက်လုပ်ထား
တရုတ်   -  လာအို   ရထားလမ်း ဆောက်လုပ်မှုကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၅   ရက်မှာ  စတင်ခဲ့ပြီး   ၂၀၂၁  ခုနှစ် အောက်တိုဘာ ၁၂ ရက်မှာ ရထားလမ်း ဆောက်လုပ်မှု အပြီးသတ်နိုင်ခဲ့ပါတယ်။ အဲဒီ  တရုတ် - လာအို ရထားလမ်းကို ၂၀၂၁    ခုနှစ်   ဒီဇင်ဘာ   ၃  ရက်မှာ တရားဝင်   ဖွင့်လှစ်ခဲ့ပါတယ်။   ရထား လမ်းတစ်လျှောက်   ဘူတာရုံ   ၃၂  ရုံ တည်ဆောက်ဖို့ စီစဉ်ထားပြီး ကနဦး အနေနဲ့ ခရီးသည်တင် ဘူတာရုံ ၁၀ ရုံနဲ့ ကုန်တင်ကုန်ချဘူတာရုံ ၁၁ ရုံအပါအဝင် ဘူတာရုံ ၂၁ ရုံကို ဆောက်လုပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ 
တရုတ်ဈေးကွက်သို့တင်ပို့
မကြာသေးမီက ထိုင်းနိုင်ငံနဲ့ လာအို နိုင်ငံတို့မှ  သစ်သီးဝလံကွန်တိန်နာ  ၂၅ လုံး တင်ဆောင်လာတဲ့ ရထားတစ်စင်း ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်က   တရုတ်  -  လာအို ရထားလမ်းရဲ့         မိုဟန်ဘူတာရုံကို  ဆိုက်ရောက်လာခဲ့ပါတယ်။      ဒါဟာ သစ်သီး     ဝလံတွေကို   တရုတ်  - လာအိုရထားလမ်းမှ      တရုတ် ဈေးကွက်ကို  တင်သွင်းတဲ့  ပထမဆုံး တိုက်ရိုက်ပြေးဆွဲတဲ့ရထားလည်း ဖြစ်ပါ တယ်။ 
စွပ်စွဲပုတ်ခတ်ပြောဆိုတာတွေရှိ
တင်သွင်းတဲ့ သစ်သီးဝလံတန်ချိန်မှာ စုစုပေါင်း ၅၄၃ တန်ရှိပြီး လာအိုနိုင်ငံမှ ငှက်ပျောသီး  ၃၅၁  တန်၊ ထိုင်းနိုင်ငံမှ လိုက်ချီးသီး ၁၅၄ တန်နဲ့ ဒူးရင်းသီး ၃၈ တန်တို့   ပါဝင်တယ်လို့  တရုတ်ရထား ကူမင်းဗျူရိုအုပ်စုကုမ္ပဏီက ထုတ်ပြန် ထားပါတယ်။   အစပိုင်းမှာ   တရုတ်-လာအို ရထားလမ်းကြောင်းဟာ လာအို နိုင်ငံကို ကြွေးမြီထောင်ချောက်အတွင်း သက်ဆင်းခြင်းဖြစ်တယ်လို့ စွပ်စွဲပုတ်ခတ် ပြောဆိုတာတွေရှိပေမယ့် နောက်ပိုင်းမှာ အဲဒီရထားလမ်းက လာအိုပြည်သူတွေရဲ့ ဖွံ့ဖြိုးမှုလိုအပ်ချက်နဲ့       ကိုက်ညီပြီး ပြည်သူနဲ့ကုန်သွယ်ရေး ကူးလူးဆက်ဆံ မှုကို   အထောက်အကူပြုတာကြောင့် လာအိုပြည်သူတွေအတွက် အကျိုးများ တဲ့ ဆောင်ကြဉ်းမှုဖြစ်တယ်လို့ လက်ခံ လာကြပါတယ်။
ချီးကျူးပြောကြားထား
ယခုလအစောပိုင်းမှာ လာအိုနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ ဆီဖန်တုန်း ကိုယ်တိုင်က တရုတ်-လာအို ရထားလမ်း ဟာ လာအိုနိုင်ငံရဲ့ ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာအဖြစ်   ချီးကျူးပြောကြားထား ပါတယ်။  ဒါ့အပြင်  နယ်စပ်ဖြတ်ကျော် မီးရထားလမ်းဟာ   လာအို  -  တရုတ် ချစ်ကြည်ရင်းနှီးမှုရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်တဲ့အပြင် ကုန်းတွင်း ပိတ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲရန်      မဟာဗျူဟာမြောက်  စီမံကိန်းတစ်ခု လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 
အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲလာ
အဲ့ဒီ တရုတ် - လာအို ရထား လမ်းမှတစ်ဆင့် ကုန်စည်များကို  ဈေးကွက်သို့ အချိန်မီ ပို့ဆောင်နိုင်တဲ့အတွက် လာအိုနဲ့ ကမ္ဘာ ကို ပိုမိုနီးကပ်စေတယ်လို့ ဆိုပါတယ်။ တရုတ်-လာအိုရထားလမ်းက  လာအို နိုင်ငံရဲ့ နိုင်ငံတကာ မဟာဗျူဟာမြောက် အနေအထားကို  များစွာမြှင့်တင်ပေး တယ်လို့   လာအိုပြည်သူ့တော်လှန်ရေး ပါတီ (အယ်လ်ပီအာရ်ပီ) ဗဟို ကော်မတီ မှ ပေါလစ်ဗျူရိုအဖွဲ့ဝင်  ဆီဖန်တုန်းက ဆိုပါတယ်။   ဒါ့အပြင်  လာအိုနိုင်ငံဟာ ဒေသတွင်း   ကုန်စည်ပို့ဆောင်ရေးမှာ အရေးပါတဲ့    နိုင်ငံတစ်နိုင်ငံအဖြစ်ကို ပြောင်းလဲလာခဲ့တယ်လို့ ပြောပါတယ်။ 
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
လွန်ခဲ့တဲ့နှစ်အတွင်းက   တရုတ်-လာအိုရထားဟာ အဆင်ပြေပြေ ချောချော မွေ့မွေ့   ပြေးဆွဲနိုင်ခဲ့ပြီး  ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်မှုအတွက်    အရည် အသွေးပြည့်မီတဲ့ ဝန်ဆောင်မှုများ ပံ့ပိုး ပေးနိုင်ခဲ့ကာ       လာအိုပြည်သူတွေရဲ့ လူမှုစီးပွား   ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုခဲ့တယ်လို့   သိရပါ တယ်။ 
မကြာသေးခင်ကလည်း    လာအို ငှက်ပျောသီး တန် ၅၀၀ တင်ဆောင် လာတဲ့ အထူးကုန်စည်ရထားတစ်စင်း ဟာ     လာအိုနိုင်ငံ မြို့တော်  ဗီယင်ကျန်းကနေ တရုတ်နိုင်ငံ ကို     ဦးတည်ထွက်ခွာလာခဲ့ပါတယ်။      ဒီရထားဟာ    ပြီးခဲ့တဲ့နှစ်က  တရုတ်-လာအို  ရထားလမ်း  ဖွင့်လှစ်ပြီးနောက်   တရုတ်နိုင်ငံတောင်ပိုင်း  ဟူနန်ပြည်နယ် ရဲ့   မြို့တော်  ချန်ဆားမြို့ကို ပထမဆုံး တိုက်ရိုက်ပြေးဆွဲတဲ့  ငှက်ပျောသီးတင် ရထားလည်း ဖြစ်လာခဲ့ပါတယ်။
ထိပ်တန်းစိုက်ပျိုးရေး ထွက်ကုန်တစ်ခုဖြစ်
ဒါ့အပြင်     ဒီငှက်ပျောရထားဟာ ဟူနန်ပြည်နယ်အစိုးရနဲ့  လာအိုအစိုးရ တို့ကြား  တစ်ချက်ခုတ်၊  နှစ်ချက်ပြတ် စီမံချက်အရ ပွဲဦးထွက်ပြေးဆွဲမှုလည်း ဖြစ်တယ်။ ငှက်ပျောသီးဟာ လာအိုနိုင်ငံ မှ   တင်ပို့တဲ့   ထိပ်တန်းစိုက်ပျိုးရေး ထွက်ကုန်တစ်ခုလည်း    ဖြစ်ပါတယ်။ ယခုနှစ်ပထမနှစ်ဝက်အတွင်း ပီလောပီနံ တင်ပို့မှုကနေ    အမေရိကန်ဒေါ်လာ သန်း  ၂၅၀  ဝန်းကျင်ခန့် ရရှိပြီးနောက်  ငှက်ပျောသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၁ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 
လာအိုနိုင်ငံဆိုင်ရာ   တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးကလည်း တရုတ်နိုင်ငံ အနေနဲ့ ရထားပြေးဆွဲမှု ဘေးအန္တရာယ် ကင်းပြီး ထိရောက်မှုရှိစေဖို့၊ တရုတ်-လာအို - ထိုင်း ရထားလမ်းများ ချိတ်ဆက် မှု အားကောင်းလာစေဖို့အတွက် လာအို နိုင်ငံနဲ့        လက်တွဲလုပ်ဆောင်သွား လိုကြောင်း      ပြောပါတယ်။ ဒါမှသာ   ဒေသ တွင်း ချိတ်ဆက်မှုနဲ့ သာယာဝပြောရေး တို့အတွက် ပိုမိုကြီးမားတဲ့ ပံ့ပိုးကူညီမှု များကို ရရှိစေမှာဖြစ်ပါတယ်။ 
ခရီးသည် စုစုပေါင်း ၁ ဒသမ ၂၆၉ သန်း 
ပို့ဆောင်ထားပြီးဖြစ်
လာအို    ရထားလမ်းပိုင်းအတွက် တာဝန်ယူထားရတဲ့   လာအို  - တရုတ် ရထားလမ်းကုမ္ပဏီမှ     ဥက္ကဋ္ဌဖြစ်သူ ကျူဂေါင်ကျင်းကလည်း     လွန်ခဲ့တဲ့ တစ်နှစ်ကျော်က  ရထားစတင်ပြေးဆွဲ ပြီးနောက်ပိုင်း       ခရီးသည်စုစုပေါင်း ၁ ဒသမ ၂၆၉ သန်း၊ နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းတန်ချိန်  ၁  ဒသမ ၅၇၆၁ သန်းကျော် အပါအဝင် ကုန်ပစ္စည်းတန် ချိန် စုစုပေါင်း ၁ ဒသမ ၉၉၅၅ သန်းကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့  ပြောပါ တယ်။ 
အလုပ်အကိုင် အခွင့်အလမ်းပေါင်း 
၁၀၀၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့
ထို့အပြင်     အဆိုပါကုမ္ပဏီက ရထားနဲ့ပတ်သက်တဲ့     အလုပ်ရုံများ ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၀၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့တယ်လို့ ကျူဂေါင်ကျင်း က ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တွင်   စတင်ပြေးဆွဲခဲ့သော  တရုတ်-လာအို ရထားလမ်းသည် ၁၀၀၀ ကီလိုမီ တာကျော်  ရှည်လျားပြီး   တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော်    ကူမင်းနှင့်   လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တို့ကို   ချိတ်ဆက်ထား ပါတယ်။      ။
ကိုးကား - ဆင်ဟွာ