တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ ဒေသထွက်ကုန်ပြခန်း ၃၀ အထိ ဝင်ရောက်ပြသမည်

 

ရန်ကုန်   ဇူလိုင်   ၁၄


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ ၌ ၂၀၀၄ ခုနှစ်မှ ယခုနှစ်အထိ ကျင်းပသည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (China-ASEAN Expo)သို့   မြန်မာနိုင်ငံမှ ၁၉ ကြိမ် မြောက် ပါဝင်ပြသမည်ဖြစ်သည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီး (ကျွမ့်)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ် မည့် (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (The 19th China-ASEAN Expo) နှင့်စပ်လျဉ်း၍ ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် က  Zoom Meeting ဖြင့်  ပြုလုပ်ခဲ့ပြီး   စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင် ၍ တာဝန်ရှိသူများနှင့် ပြပွဲသို့ ပါဝင်ပြသ မည့်    မြန်မာကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

 


ယခင်နှစ်များက        မြန်မာနိုင်ငံမှ မြန်မာကုမ္ပဏီလုပ်ငန်းရှင်များကိုယ်တိုင် သွားရောက်ပါဝင်ပြသခဲ့ကြသော်လည်း ၂၀၂၀ ပြည့်နှစ် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲမှ စတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်မှု ကန့်သတ်ချက် များကြောင့် မြန်မာလုပ်ငန်းရှင်များသည် လူကိုယ်တိုင်သွားရောက်  ပါဝင်ပြသမှု မရှိကြသဖြင့် မိမိတို့ပြသမည့် မြန်မာနိုင်ငံ မှ မြန်မာ့ထွက်ကုန်ပစ္စည်းများပေးပို့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ   လုပ်ငန်း မိတ်ဖက်ကိုယ်စားလှယ်များက   ပြသပေး မည်ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာ နိုင်ငံမှ မြန်မာ့ထွက်ကုန်ပစ္စည်းများကို ပြခန်းပေါင်း  ၃၀ ဖြင့်   ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။

 


ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံကုန်စည်ပြပွဲ   ကာလအတွင်း National Image ပြခန်းဆောင်ကို ၅၄ စတုရန်းမီတာ အကျယ်အဝန်းရှိသည့် နေရာ၌ပြသပြီး      မြန်မာနိုင်ငံဒေသ အရပ်ရပ်မှ ထင်ရှားသောမြို့များ၏ ရှုခင်း များ၊ မြန်မာ့ရိုးရာပွဲတော်များ၊ စီးပွားရေး ပြခန်းများ ဝင်ရောက်ပြသရန် စီစဉ်လျက် ရှိသည်။                                    

 

သီရိ