
နေပြည်တော် ဒီဇင်ဘာ ၃
အိန္ဒိယနိုင်ငံ ဘိုပါးမြို့ရှိ အမျိုးသား တရားစီရင်ရေး အကယ်ဒမီ (National Judicial Academy, Bhopal India) တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ဖွင့်လှစ်မည့် “တရားသူကြီးများ နှင့် တရားရေးအရာရှိများ အတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းအစီအစဉ်” သို့ တက် ရောက်ရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူး များ၊ ဦးစီးအရာရှိများနှင့် တရားရုံး အဆင့်ဆင့်ရှိ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါ၀င်သည့် သင်တန်းသား ၄၀ သည် ယနေ့ တွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။
အဆိုပါ သင်တန်းသားများ သည် သင်တန်း၌ အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံ တရားစီရင်ရေးစနစ်၊ တရား သူကြီး ကျင့်ဝတ်၊ စီရင်ချက် ရေးသားခြင်း၊ တရားရုံ စီမံခန့်ခွဲမှု၊ သက်သေခံဥပဒေ၊ တရားရုံးနည်း ပညာ၊ တရားမနှင့် ရာဇဝတ် ဥပဒေများ၊ ဥပဒေရေးရာ ဆေးပညာ၊ တရားမကျင့်ထုံးဥပဒေ နှင့် တရားမမှုစစ်ဆေးခြင်း၊ အခြားနည်းလမ်းဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့ကို လေ့လာသင်ယူ ခွင့် ရရှိကြမည့်အပြင် အိန္ဒိယနိုင်ငံ ဘိုပါးမြို့ရှိ ဆေးသုတေသန တက္ကသိုလ် ခရိုင်တရားရုံးနှင့် ဗဟို အကျဉ်းထောင်တို့ကို သွားရောက် လေ့လာခွင့်ရရှိမည်ဖြစ်သည်။
ယင်းသင်တန်း အစီအစဉ် သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ အမျိုးသား တရားစီရင်ရေး အကယ်ဒမီတို့ အကြား လက်မှတ်ရေးထိုးထား သည့် မြန်မာနိုင်ငံမှ တရားသူကြီး များနှင့် တရားရေးအရာရှိများ ကို အိန္ဒိယနိုင်ငံသို့ စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင် ရည် မြှင့်တင်ခြင်းဆိုင်ရာနားလည် မှုစာချွန်လွှာအရ စေလွှတ်ခြင်းဖြစ် ကြောင်း သိရသည်။
သတင်းစဉ်