အကြမ်းဖက်သောင်းကျန်းသူ MNDAA အဖွဲ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့အတွင်းတိုက်ပွဲများ ဖော်ဆောင်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက် ခိုက်မှုကြောင့် ဆေးရုံတက်လူနာ ဒေသခံအရပ်သားများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစု ဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု သိရသည်။
လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့်ဒေသခံများ၏ ရေးသား ချက်များ၊ ဗီဒီယိုဖိုင်များအရ အဆိုပါဆေးရုံတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်မှာ လွန်စွာဆိုးဆိုးရွားရွား၊ လူမဆန်စွာရက်စက်ရိုင်းစိုင်း သည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်မှုပင် ဖြစ်သည်။ အဆိုပါ အဖွဲ့သည် လားရှိုး ကို ချဉ်းကပ်စဉ်ကပင် လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် လူနေရပ်ကွက်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ကူညီကယ်ဆယ်မှုများ လိုက်လံပြုလုပ်ပေးနေသည့် ပရဟိတအဖွဲ့ ဦးဆောင်သူတစ်ဦး ကိုလည်း စနိုက်ပါဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်က ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူ MNDAA နှင့် အပေါင်းအပါများ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ အပါ အဝင် မြို့ပြဒေသများတွင် တိုက်ပွဲဖော်ပြီး ဒေသခံပြည်သူများ အပေါ် လက်နက်အားကိုးအနိုင်ကျင့်မှုများကို တိုင်းရင်းသား ပြည်သူများ၏ ဆန့်ကျင်ရှုတ်ချကန့်ကွတ်မှုများမှာ ပို၍ပို၍ အသံကျယ်လောင်လာပြီဖြစ်သည်။
လားရှိုးဖြစ်ရပ်နှင့်ပတ်သက်၍ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများက လိမ်ညာဖုံးဖိမှုများ မည်သို့ပင် ပြုလုပ်နေစေကာမူ ၎င်းတို့၏ လူမဆန်စွာ ယုတ်မာရိုင်းစိုင်း ရက်စက်သည့် အကြမ်းဖက်လုပ်ရပ်များမှာ ဒေသခံပြည်သူများ သာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူများပင် သိရှိနေကြပြီဖြစ်ပြီး မခံမရပ်နိုင်ခြင်းကြောင့်လည်း ကန့်ကွတ်ရှုတ်ချနေကြခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးမွေးလူနာများ၊ မွေးကင်စ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဒဏ်ရာရလူနာများ၊ လူနာစောင့်များ၊ အရွယ်မရောက်သေးသည့် ကလေးများ၊ ဆရာဝန် နှင့် သူနာပြုများသာရှိနေသည့် ဆေးရုံသည် စစ်ရေးပစ်မှတ် မဟုတ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူတို့က အကြီး အကျယ် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။ ကျန်ရှိနေသည့် လူနာများ၊ အမျိုးသမီးများနှင့် ကလေးများ၊ မသန်မစွမ်းသူများကို လည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
နိုင်ငံတကာသဘောတူစာချုပ်များအရ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဓားစာခံဖမ်းဆီးခြင်း၊ အရပ်ဘက်ပစ်မှတ်ကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်း၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့မှာ စစ်ရာဇဝတ်မှုများပင်ဖြစ်သည်။ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများကြောင့် ဒေသမတည်မငြိမ်ဖြစ်ရပြီး ဒေသခံပြည်သူများ၏ အသက်အိုး အိမ်များ၊ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးရသည့်အပေါ် ပြည်သူ လူထုက ရွံ့ရှာဆက်စုပ်နေကြသည့်အပြင် ယခုကဲ့သို့ လူမဆန် စွာ ရက်စက်ကြမ်းကြုတ်မှုအပေါ်တွင်လည်း ဆန့်ကျင်ကန့်ကွက် နေကြသည့်အပေါ် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သော တပ်မတော်က ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော် ကို ကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်သာဖြစ်သည်။
“အမိနိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် ဆောင်ရွက်လာသည့် သောင်းကျန်းသူ အဖျက်သမားများအပေါ် ပြင်းပြသည့်၊ စုစည်းညီညွတ်သည့် အမျိုးသားရေးစိတ်၊ မြန်မာ စိတ်တို့မွေးမြူပြီး နိုင်ငံတော်ကို စုပေါင်းကာကွယ်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တပ်မတော်အနေဖြင့် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း” အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်း အဝေး(၂/၂၀၂၄)တွင် နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည် နှင့်အညီ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကာကွယ်ရေး တရားသောစစ်ဆင်နွှဲရာတွင် စုစည်း ညီညွတ်သည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ကြရ ပါမည့်အကြောင်း။ ။