တရားသောစစ် အောင်ရမည်

 

တရားသောစစ် အောင်ရမည်

    I    ဒို့ပြည်ထောင်စု၊  တည်တံ့မှုကို 
        လဲပြိုစေသည့်၊
        ဒို့တည်ထောင်မှု၊ ခိုင်မာမှုကို 
        ယိုယွင်းစေသည့်၊
        ခြေထိုးနှောင့်ယှက်၊ ကျူးဝင်ဖျက်သော် 
        လှေခွက်ချည်း ကျန်၊ မလျှော့မာန် နှင့်
        အလံ မလှဲ၊ သတ္တိ ဇွဲ နှင့်
        ကျူးလည်း  မခံ၊ မာန်လည်း  မကြောက်
        ခြောက်လည်း  မလန့်၊ ဟန့်လည်း  မဖယ်
        ဆွယ်လည်း  မလိုက်၊ တိုက်လည်း  မဆုတ် 
        ကျားကုတ်  ကျားခဲ၊ အားကုန်  နွှဲလျက်
        တုံးပဲ တိုက်တိုက်၊ ကျား ကိုက်ကိုက်ဟေ့
        တိုက်စစ်နီမောင်း၊ ရဲရင့်ကြောင်းကို 
        ကောင်းမွေ မော်ကွန်း  ရေးထိုးလော့။
    I     ဒို့မြေ  တစ်လက်မ
        ဒို့ရေ  တစ်စက်မျှ  
        ဒို့လေ  မစွက်ရ
        နှလုံးလှဖြင့်
        မြန်မာ့မြေပုံ၊ ကြန်အင်စုံအောင်
        သက်ပုံ နှင်းအပ်  ဆောင်ကြဉ်းလတ်လော့။
    I    သုံးပါးအရေး၊ အသက် သွေးမို့ 
        အရေးသုံးပါး ကျူးစော်ကားသည့်
        ရန်အားချေဖျက်၊ ရဲရဲတက် ဟေ့
        နှောင့်ယှက်ဆီးတား၊ ရန်စွယ်အားလျှင်
        ဖယ်ရှားအစဉ်တစိုက်၊ ရဲရဲတိုက် ဟေ့
        မငိုက်ဦးခေါင်း၊  သွေးသစ်လောင်းလျက်
        မပြောင်းမလဲ၊ မျိုးချစ်ဇွဲဖြင့်
        ရဲရဲချေမှုန်း၊ လက်စတုံးဟေ့။ 
    I     အို ... ပြည်ချစ်ဇာနည်၊ အောင်စစ်သည်ငဲ့
        တိုင်းပြည်အတွက် 
        အသက်ကို ပေး၊ အသွေးကို လှူ
        သင့်လို လူအတွက်
        ကြည်ဖြူ စိတ်ထား၊ ပြည်သူများက
        တရားသောစစ် အောင်ရမည်
        မျှတသောစစ် နိုင်ရမည် ဟု
        ခိုင်မာ ယုံကြည် ထားပါသည်။
        ဂုဏ်ပြု စောင့်ကြို နေပါသည်။        ။

မျိုးမြတ်မြတ်မြင့်မောင်

(တရားသောစစ်ပွဲ ဆင်နွှဲနေသည့် တပ်မတော်သားများကို လေးစားဂုဏ်ပြုလျက်)