တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍မိတ်ဆက်ရှင်းလင်း

 

ဘားအံ  ဇူလိုင် ၂၂


 ၂၀၂၂ ခုနှစ်  သြဂုတ်လ  ၁ ရက်နေ့ တွင်  စတင်အကောင်အထည်ဖော် မည့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း   အခမ်း အနားကို ဇူလိုင် ၂၂ ရက်  နံနက်  ၈ နာရီခန့်က   ဘားအံမြို့  ကရင် ပြည်နယ်     တရားလွှတ်တော် အစည်းအဝေးခန်းမ၌     ကျင်းပ သည်။

 


မိတ်ဆက်   ရှင်းလင်းပွဲတွင် ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း က အဖွင့်အမှာ စကားပြောကြားပြီး ကရင်ပြည်နယ် တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေး      အရာရှိ ဒေါ်ဥမ္မာစမ်းက      တရားရုံးက ဦးဆောင်သည့်  စေ့စပ်ဖြေရှင်းရေး နှင့်စပ်လျဉ်း၍    ရှင်းလင်းပြောကြား သည်။

 


ထို့နောက်  တက်ရောက်လာ သူများက  တရားရုံးကဦးဆောင် သည့်     စေ့စပ်ဖြေရှင်းရေးနှင့် ပတ်သက်၍   သိရှိလိုသည်များ၊ မရှင်းလင်းသည်များကို  ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပြီး  အဆိုပါ အခမ်းအနားသို့  ပြည်နယ်တရား လွှတ်တော်    တရားသူကြီးများ၊ ပြည်နယ်      တရားရေးဦးစီးမှူး၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘားအံ တက္ကသိုလ်   ဥပဒေပညာဌာနမှ ဌာနမှူး၊ ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်တရားရုံးများမှ  တရားရေး အရာရှိများနှင့်     တရားသူကြီးများ၊ တရားလွှတ်တော်     ရှေ့နေများ တက်ရောက်ကြကြောင်း   သတင်း ရရှိသည်။  

             
စောမျိုးမင်းသိန်း
(ပြန်/ဆက်)