
နေပြည်တော် မတ် ၁
တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်း ဆင်း အမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၁၁ ဦး တက်ရောက်ကြသည်။
အဆိုပါသင်တန်းကာလမှာ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ရက် အထိ ရက်သတ္တပတ်ရှစ်ပတ်ကြာမြင့်ကြောင်းနှင့်သင်တန်းသို့ ခရိုင် တရားသူကြီး၊ တွဲဖက်ခရိုင်တရားသူကြီးနှင့် ဒုတိယညွှန်ကြားရေးမှူး အဆင့်ရှိ တရားသူကြီးများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်