တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ နိုင်ငံအတွင်းမှ ထွက်ခွာရန် ပါကစ္စတန် အမိန့်ပေး

 

အစ္စလာမ္မာဘတ် အောက်တိုဘာ ၄


ပါကစ္စတန်အစိုးရသည် ခန့်မှန်း ခြေအားဖြင့်  အာဖဂန်နိုင်ငံသား ၁ ဒသမ ၇ သန်းအပါအဝင် တရား မဝင်    ရွှေ့ပြောင်းနေထိုင်သူများ အား နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့်ပေးလိုက်ကြောင်း   နိုင်ငံ တကာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ 


ပါကစ္စတန်နိုင်ငံ     ယာယီ ပြည်ထဲရေးဝန်ကြီး ဆာဖရတ်ဇ် ဘတ်ဂ်တီက နိုင်ငံအတွင်း တရား မဝင်နေထိုင်သူများ    အနေဖြင့် နိုဝင်ဘာ ၁ ရက် နောက်ဆုံးထားပြီး ဆန္ဒအလျောက် ထွက်ခွာရမည်ဖြစ် ကြောင်း၊ ထိုကဲ့သို့ မလုပ်ဆောင်ပါ က ၎င်းတို့အနေဖြင့် အတင်းအဓမ္မ နှင်ထုတ်ခံရခြင်းနှင့်    ရင်ဆိုင်ရ မည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်က ပြောကြားလိုက်သည်။ 


ထို့အပြင် အာဖဂန်နိုင်ငံသား များက ယခုနှစ်အတွင်း ပါကစ္စတန် နိုင်ငံ၌    အသေခံဗုံးဖောက်ခွဲမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ ပါကစ္စတန် နိုင်ငံသည် ပါကစ္စတန်တာလီဘန် ဟု  လူသိများသော   ဒေသတွင်း အကြမ်းဖက်  စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှု    တိုးမြှင့်လာမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 


စစ်သွေးကြွများမှာ ပါကစ္စတန် နိုင်ငံအတွင်း    တိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အာဖဂန် တွင်   လေ့ကျင့်မှုများ    ပြုလုပ် ဆောင်ရွက်ကြောင်း သိရသည်။ သောကြာနေ့က နိုင်ငံအနောက် တောင်ပိုင်း      ဘာလိုချီစတန် ပြည်နယ်ရှိ   ဘာသာရေးစုဝေးမှု တစ်ခုကို      ပစ်မှတ်ထားကာ အသေခံဗုံးခွဲ    တိုက်ခိုက်မှုအတွင်း လူပေါင်း  ၅၀ ကျော်   သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ပါကစ္စတန်တွင် နေထိုင်သည့် အာဖဂန်ဒုက္ခသည်ပေါင်း ၄ ဒသမ ၄ သန်း  ရှိကြောင်းနှင့်   အများစု မှာ ၂၀၂၁ ခုနှစ်   ဩဂုတ်လတွင် တာလီဘန်တို့   အာဏာရယူပြီး နောက် ၎င်းတို့၏  နေအိမ်များကို စွန့်ခွာလာကြသူများ ဖြစ်ကြောင်း သိရသည်။                                                                                                        
အင်န်အိတ်ချ်ကေ