တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၀၈ ဦး တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့ ကယ်တင်နိုင်ခဲ့

 

တူနစ်   ဇွန်   ၂၉


တူနီးရှားကမ်းခြေစောင့်    တပ်ဖွဲ့ သည်  ကမ်းလွန်ပင်လယ်ပြင်တွင် တရားမဝင်  ရွှေ့ပြောင်းလုပ်သား   ၁၀၈   ဦးနှင့်  ရုပ်အလောင်း       ငါး လောင်းကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တူနီးရှား ကမ်းခြေစောင့်တပ်ဖွဲ့က  ဇွန် ၂၉ ရက်တွင် ပြောသည်။ 

 


နိုင်ငံ      အရှေ့အလယ်ပိုင်း ကမ်းရိုးတန်းတွင်   ဇွန် ၂၈ ရက် နှောင်းပိုင်းက     ကယ်ဆယ်ရေး လုပ်ငန်းများ      ဆောင်ရွက်ခဲ့ ကြောင်း    အမျိုးသားကမ်းခြေ စောင့်တပ်ဖွဲ့မှ  ပြောရေးဆိုခွင့်ရှိသူ ဟိုစီမက်ဒင်းက    ပြောသည်။ အီတလီကမ်းရိုးတန်းသို့ ဦးတည် လာသော        အဆိုပါ   ရွှေ့ပြောင်း   လုပ်သားများတွင်    အာဖရိက   ရွှေ့ပြောင်းလုပ်သား    ၁၀၄   ဦး ပါဝင်ကြောင်း သိရသည်။ 

 


တရားမဝင်   တူနီးရှား ရွှေ့ ပြောင်းလုပ်သား   ၂၀၀၀ ကျော် သည် ယခုနှစ် ပထမငါးလအတွင်း အီတလီ       ကမ်းရိုးတန်းများသို့ ရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် လူမှုရေးအခွင့်အရေး တူနီးရှား ဖိုရမ်ကထုတ်ပြန်သော နောက်ဆုံး အချက်အလက်အရ သိရသည်။          

                                                                                
ဆင်ဟွာ