
နေပြည်တော် မတ် ၂၁
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရေး သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံတာ်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ ၌ ကျင်းပသည်။
တက်ရောက်
ဖွင့်ပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ အရာထမ်းများ၊ မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ သင်တန်းဆရာ ဆရာမများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ရရှိထားသော ကုမ္ပဏီများမှ အုပ်ချုပ်မှု ဒါရိုက်တာများ၊ သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များ လိုက်နာဆောင်ရွက်ရေးသင်တန်း များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံအတွင်း တရားမဝင် ငွေလွှဲလုပ်ငန်း တစ်နည်းအားဖြင့် Hundi လုပ်ငန်းအား ထိန်းချုပ်ကွပ်ကဲရန်၊ တရားဝင် ငွေလွှဲလမ်းကြောင်းများကို အများပြည်သူများ ပိုမိုအသုံးပြုခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိစေရန်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာစံသတ်မှတ် သည့်အဖွဲ့အစည်းဖြစ်သော ငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF) ၏ အကြံပြုချက်များအား လိုက်နာ အကောင်အထည်ဖော်မှုကို မြှင့်တင်ရန်၊ တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်း ပြီး တရားဝင် ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင် ထုတ်ပေးရေးအတွက် ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြု ခြင်းဆိုင်ရာ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ ကြောင်း။
ဖြည့်ဆည်းပေးနိုင်မည်
စည်းမျဉ်းပါ လိုင်စင်လျှောက်ထားရာ တွင် လိုအပ်ချက်ဖြစ်သည့် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များကို လိုက်နာဆောင်ရွက်ရေးသင်တန်း အောင်လက်မှတ်အတွက် ယခုသင်တန်း ကို ဖွင့်လှစ်ခြင်းဖြစ်သလို ပြည်ပငွေလွှဲ လုပ်ငန်းလိုင်စင်ရရှိသူများ သာမက လိုင်စင်ဆက်လက်လျှောက်ထားသူများအနေဖြင့် ငွေလွှဲပြောင်းဆောင်ရွက်ပေး သည့် ဝန်ဆောင်မှုကိုပေးရာတွင် ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုနှင့်သက်ဆိုင်သည့် ဆုံးရှုံး နိုင်ခြေအန္တရာယ်ကိုသိရှိရန်၊ ရှောင်ရှား ရန်၊ ကုစားရန်တို့အတွက် သက်ဆိုင်သည့် ဥပဒေများကိုသိရှိနားလည်ရန် အရေးကြီး ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်း သည် လိုအပ်ချက်၊ လိုက်နာရန်ကိစ္စရပ်များ ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီ များအနေဖြင့် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လုပ်ငန်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရေးသင်တန်း အမှတ်စဉ်(၃)ကို ဖွင့်လှစ်ဆောင်ရွက်ရသည့် ရည်ရွယ် ချက်များ၊ သင်တန်း သင်ရိုးညွှန်းတမ်းများ၊ ပထမအကြိမ်သင်တန်းနှင့် ဒုတိယအကြိမ် သင်တန်း ဖွင့်လှစ်ပေးမှုတို့ကို ရှင်းလင်းပြီး တတိယအကြိမ် သင်တန်းတက်ရောက် မည့် သင်တန်းသားများအနေဖြင့် ယခု သင်တန်းတွင်ပို့ချမည့် သင်ခန်းစာများ သည် ပြင်ပသင်တန်းများတွင် ရရှိနိုင်ခြင်း မရှိသည့် ဗဟုသုတအချက်အလက်များ ဖြစ်သောကြောင့် သေချာစွာ မှတ်သား သင်ယူစေလိုကြောင်း၊ သင်တန်းသားများ အတွက်လည်း ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင် လျှောက်ထားသည် ဖြစ်စေ၊ မလျှောက်ထားသည်ဖြစ်စေ အခြား လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သိရှိသင့်သည့် အကြောင်းရာများ ဖြစ်သဖြင့် အကျိုးကျေးဇူးများစွာဖြစ်ထွန်း မည်ဖြစ်ကြောင်းနှင့် သင်တန်းသား အားလုံး သင်ခန်းစာများကို သေချာစွာ နားလည်ပြီး အောင်မြင်စွာဖြင့် သင်တန်း ဆင်းနိုင်ရေး ကြိုးစားကြရန် အားပေး တိုက်တွန်းပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ယနေ့မှ ဧပြီ ၁ ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး သင်တန်းသား စုစုပေါင်း ၇၀ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်