တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

 

 

နေပြည်တော်    မေ   ၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်  ၉  နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။  
အခမ်းအနားတွင် တရားမဝင်  ကုန်သွယ်မှု         တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ     အဖွဲ့ဝင် စီးပွားရေးနှင့်    ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန       ပြည် ထောင်စုဝန်ကြီး        ဒေါက်တာ ပွင့်ဆန်းက   စီးပွားရေးဦးတည် ချက်များ အောင်မြင်စွာ  အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်    အဓိကအဟန့်အတား ဖြစ်စေသည့် တရားမဝင်ကုန်သွယ် မှုများသည် ခေတ်အဆက်ဆက်  အမြဲမပြတ်   ပေါ်ပေါက်လျက်ရှိပါ ကြောင်း၊ တရားမဝင်ကုန်သွယ်မှု များကြောင့် အဂတိလိုက်စားမှုများ  ကြီးထွားလာခြင်း၊ Commercial Crime    များ  ပေါ်ပေါက်လာပြီး Rule of Law ကို ထိခိုက်လာနိုင် ခြင်း၊   နိုင်ငံတော်အတွက်  ရသင့် ရထိုက်သည့်    အခွန်အခများ ဆုံးရှုံးစေနိုင်ခြင်း၊      ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များ၏  ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းစေခြင်း၊  စားသုံးသူ   ပြည်သူလူထုအပေါ် အန္တရာယ် ကျရောက်စေနိုင်ခြင်း၊ အမျိုးသားလုံခြုံရေးနှင့် ကျန်းမာ ရေးတို့ကို ထိခိုက်ပျက်ပြားစေခြင်း  စသည့်ဆိုးကျိုးများစွာ ဖြစ်ပေါ် လျက်ရှိပါကြောင်း။
တရားမဝင်     ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏   လုပ်ငန်းတာဝန်  (၁၃)  ရပ် အနက်   နောက်ဆုံးအချက်ဖြစ် သော   တရားမဝင်   ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏  မဟာဗျူဟာနှင့်  လမ်းညွှန် ချက်များအပေါ် လုပ်ငန်းစီမံချက် များရေးဆွဲ၍ အကောင်အထည် ဖော်ခြင်း၊ ကြီးကြပ်ခြင်း၊ လေ့လာ စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်း နှင့် အစီရင်ခံခြင်းများ ဆောင်ရွက် နိုင်ရန် အမြဲတမ်းရုံးအဖွဲ့ တစ်ရပ်  ဖွဲ့စည်း      ဆောင်ရွက်ခြင်းနှင့် ယင်းရုံးအဖွဲ့တွင်    သက်ဆိုင်ရာ ဌာနများမှ    ကိုယ်စားလှယ်များ အချိန်ပြည့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ကို လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်        တရားမဝင် ကုန်သွယ်မှု      တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေး မှူး ဒုတိယဝန်ကြီး ဦးညွန့်အောင် က     တရားမဝင်   ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်လျက်ရှိသည့်      ဌာနများမှ ဝန်ထမ်းများအနေဖြင့် ဆက်စပ် ဌာနများ၏   ဥပဒေနှင့်   လုပ်ထုံး လုပ်နည်းများကို ပိုမိုကျေညက်စွာ သိရှိစေရန်နှင့်      တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်း များကို     ယခုထက်ပိုမို၍   ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင်  သက်ဆိုင်ရာဌာန များမှ       ညွှန်ကြားရေးမှူးနှင့် အထက် အဆင့်ရှိသောနည်းပြများ က   ပို့ချဆွေးနွေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့    ဌာန ဆိုင်ရာ အရာရှိကြီးများ၊ တာဝန်ရှိ သူများနှင့်    သင်တန်းသားများ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းကို စီးပွား ရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီး ဌာန စုပေါင်းအစည်းအဝေးခန်းမ၌  ဖွင့်လှစ်    သင်ကြားမည်ဖြစ်ပြီး သင်တန်းသား ၃၀ တက်ရောက် မည်ဖြစ်ကာ သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ် ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။   သတင်းစဉ်