တရားမဝင် သစ်မျိုးစုံ၊ ယာဉ်၊ ယန္တရားဆက်စပ်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အဝတ်အထည်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မေ   ၅


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်     တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ     ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ     မေ ၂ ရက်တွင်   ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏        စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော  ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က    စစ်ဆေးမှုများ     ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့်    သံတွဲမြို့နယ်များအတွင်း တရားမဝင်    သစ်မျိုးစုံ    ၆၇  ဒသမ  ၄၄၅၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၃၃၂၂၂)  ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။

 


၎င်းအပြင်  မေ ၃ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့က  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံမြို့မှ  ပဲခူးမြို့သို့ ထွက်ခွာလာ သည့်     မော်တော်ယာဉ်သုံးစီးပေါ်တွင်    တရားဝင် စာရွက်စာတမ်းအထောက်အထား     တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အချိုရည်နှင့်  အဝတ်အထည် များ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၉၀၀၀၀)    နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  မော်တော် ယာဉ် သုံးစီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်  ၃၃၆၉၀၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်   လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


ယင်းအပြင် မေ ၄ ရက်တွင်  ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)  စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ  စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ    တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့်    ယာဉ်၊   ယန္တရား   ဆက်စပ်ပစ္စည်း (အဟောင်း) များနှင့် အလူမီနီယံ ခေါက်လှေကားများ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉၇၅၀၀၀)နှင့်  အဆိုပါ ပစ္စည်းများ    တင်ဆောင်လာသည့်  မော်တော်ယာဉ် နှစ်စီး       (ခန့်မှန်းတန်ဖိုးငွေကျပ်    ၆၅၀၀၀၀၀၀) စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၀၉၇၅၀၀၀   ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်  လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

 


အလားတူ  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာ  စစ်ဆေး ရေးစခန်း၌        တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အဝတ်အထည်များ            (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၈၀၀၀၀)  ကို   ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ   ဧရာဝတီတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့်   သစ်တောဦးစီးဌာန   ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရေကြည် မြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ  ၂ ဒသမ၂၃၆၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၅၄၈) ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့ပြင်  မေ ၅ ရက်တွင်    ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင် ရေတာရှည် မြို့နယ်အတွင်း   တရားမဝင်   သစ်မျိုးစုံ  ၄ ဒသမ ၅၂၈၈  တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၇၀၁၆)  ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍     မေ ၂ ရက်၊   ၃ ရက်၊  ၄  ရက်နှင့် ၅ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၃၅၅၅၁၇၈၆ ) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။      
 

သတင်းစဉ်