တရားမဝင် သစ်မျိုးစုံ၊ တိရစ္ဆာန်အစာများ၊ စက်သုံးဆီများ၊  မော်တော်ယာဉ်နှင့် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးရမိ

 

 

နေပြည်တော်   မေ   ၃၁
တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး      ဦးဆောင်ကော်မတီ၏     ကြီးကြပ် ကွပ်ကဲမှုဖြင့်  တရားမဝင်ကုန်သွယ်မှု များကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက် လျက်ရှိရာ မေ ၂၇ ရက်တွင်     မကွေး တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏       စီမံခန့်ခွဲမှု  ဖြင့်     ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ပခုက္ကူ မြို့နယ်အတွင်း   လိုင်စင်မဲ့ဆိုင်ကယ် ခြောက်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ  လည်းကောင်း၊   မေ ၂၉ ရက်တွင်  ပခုက္ကူမြို့နယ်      ဧရာဝတီတံတား စစ်ဆေးရေးဂိတ်၌    တရားမဝင် သယ်ဆောင်လာသော     စက်သုံးဆီ  ၂၃၀၀ ဂါလန်၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၄၀၀၀၀)နှင့် အဆိုပါ  စက်သုံး ဆီများတင်ဆောင်လာသည့် ကုန်တင် ယာဉ်တစ်စီး၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို  ရေနံနှင့်  ရေနံထွက် ပစ္စည်းဆိုင်ရာ  ဥပဒေအရလည်းကောင်း စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၉၁၀၀၀၀)ကို  ဖမ်းဆီး  အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်     မေ   ၃၀   ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှု ဖြင့်    မွန်ပြည်နယ်   မရမ်းချောင်   အမြဲတမ်းစစ်ဆေးရေးစခန်း၌  တာဝန် ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  မြဝတီမြို့မှ     ရန်ကုန် မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် တစ်စီးပေါ်၌     သွင်းကုန်ကြေညာ လွှာ(ID)တွင်  ကြေညာထားသည်ထက်   ပိုမိုတင်ဆောင်လာသော  Double A တံဆိပ်၊  A4 စက္ကူထုပ်များ  (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၀၇၅၀၀)ကို  ဖမ်းဆီး ရမိခဲ့ပြီး   အကောက်ခွန်   လုပ်ထုံး လုပ်နည်း နှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ မေ ၃၁ ရက်တွင် ကရင် ပြည်နယ်    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်း စစ်ဆေးရေးစခန်း၌     တာဝန်ကျ စစ်ဆေးရေးအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီး ပေါ်၌       တရားဝင်စာရွက်စာတမ်း အထောက်အထား    တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိသည့်        တိရစ္ဆာန် အစာများ    ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၀၀၀၀ ကို    ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။ 
၎င်းအပြင်   ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး    သစ်တောဦးစီး ဌာနဦးဆောင်သော  စစ်ဆေးရေးအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  တောင်ငူခရိုင်  ရေတာ ရှည်မြို့နယ်နှင့်    အုတ်တွင်းမြို့နယ် တို့အတွင်း တရားမဝင်  သစ်မျိုးစုံ ၅ ဒသမ ၉၇၂၈ တန်    ခန့်မှန်းတန်ဖိုး ငွေကျပ်  ၂၇၆၃၀၃၀  ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍  မေ ၂၇ ရက်၊ ၂၉ ရက်၊ ၃၀ ရက်နှင့်  ၃၁  ရက်များတွင်  ဖမ်းဆီး ရမိမှု   စုစုပေါင်းမှာ  အမှုတွဲ ၁၃ မှု၊  ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၉၀၅၃၀  ဖြစ်ကြောင်း    တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး    ဦးဆောင်ကော်မတီမှ      သိရသည်။                      သတင်းစဉ်