
နေပြည်တော် မေ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့က ၈၁ လမ်း၊ ၂၇x၂၈ လမ်းကြားရှိ မြေစိုက်ဂိုဒေါင်အား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ၊ လက်သန့်ဆေးများနှင့် နှာခေါင်းစည်း(Mask)များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၆၆၆၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တော ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ ၅၇ ဒသမ ၀၉၆၂ တန်၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၅၂၅၅၀၃၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
၎င်းအပြင် မေ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးဦးစီးအဖွဲ့က စစ်တောင်းတံတားနှင့် ညောင်ခါး ရှည်အကြား မိုင်တိုင်အမှတ်( ၈၃ မိုင် ၅ ဖာလုံ)ခန့်၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီ မြို့မှ ညောင်လေးပင်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ မေ ၂၃ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ ၈ ဒသမ ၄၁၆၀ တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၂၇,၇၈၂) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉၇၇၇၈၂) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မေ ၂၃ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ် များအတွင်း တရားမဝင် သစ်မျိုးစုံ ၃၅ ဒသမ ၇၇၄၀ တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၄၃၃၅၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ NISSAN AD VAN အမျိုးအစားလိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သောအဖွဲ့က အရာတော် မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ကန့်ဘလူမြို့နယ်အတွင်း နွားထီး ၂၂ ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၀၀၀၀၀)ကို တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ လည်း ကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၄၃၃၅၀ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိ သည်။
သို့ဖြစ်ပါ၍ မေ ၂၀ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်များ တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၆၄၃၀၆၈ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။ သတင်းစဉ်