
နေပြည်တော် ဇူလိုင် ၁၅
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
မင်းဘူးမြို့ ချောင်းကောက်ကျေးရွာ အနောက်ဘက် လှည်းလမ်း၌ တရားမဝင် ရေနံ ဂါလန် ၅၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၂၂၃၂)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ဇူလိုင် ၁၄ ရက်တွင် မင်းလှမြို့နယ် သပြေတောကျေးရွာအရှေ့ဘက် ဧရာဝတီ မြစ်ဆိပ်၌ လိုင်စင်မဲ့စက်လှေ နှစ်စင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀၀ ကို ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေအရလည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၂၂၃၂ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည် ထက် ပိုမိုပါရှိလာသော မီးဖိုချောင်သုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၆၄၄၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင် ၁၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့ စွမ်စော်ရပ်ကွက် နမ့်ခမ်းသွားလမ်း မြေနီကားကွင်းအတွင်း၌ ရပ်တန့်ထားသော တရုတ် နံပါတ်တပ်ကုန်ပစ္စည်းတင် မော်တော်ယာဉ် နှစ်စီးအား မူဆယ်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၄၆၈၀၇၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dongfeng အမျိုးအစား တရုတ်နံပါတ်တပ် ကုန်တင်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးကျပ် ၄၁၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၄၆၈၀၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ပုသိမ်မြို့နယ်တွင်း သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က တရားမဝင် သစ်မျိုးစုံ ၀ ဒသမ ၉၂၉၈ တန်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၆၄၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ မအူပင်မြို့ မအူပင်-ဆားမလောက်ကားလမ်း တလုပ်လပ်အရှေ့ကျေးရွာ မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က Honda Fit အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃၆၄၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇူလိုင် ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၁၃ ဒသမ ၂၉၇၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၈၅၀၃၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင် ၁၁ ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁၂၃၆၁၄၀ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်