တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်များ၊ အထည်အလိပ်၊ ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ


 

 

နေပြည်တော်   မေ   ၁၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ   မေ  ၆  ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမှတ်(၆) မှုခင်း ရဲတပ်ဖွဲ့နှင့်  သစ်တောဦးစီးဌာနတို့  ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင်  မင်္ဂလာဒုံ မြို့နယ်အတွင်း    တရားမဝင်   ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးအပိုင်းအစများ  ၁ ဒသမ ၃၈၈၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄၁၆၅၂၀) နှင့်    အဆိုပါ သစ်များ တင်ဆောင်လာသည့် Toyota Wish  အမျိုး အစား မော်တော်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၁၅၀၀၀၀၀၀)  ကိုလည်းကောင်း၊  မေ  ၇  ရက်တွင် သစ်တောဦးစီးဌာနဦးဆောင်သော  စစ်ဆေးရေးအဖွဲ့ က   လှည်းကူးမြို့နယ်အတွင်း   တရားမဝင်ကျွန်းခွဲ သားဆိုက်စုံ   ၁ ဒသမ ၅၇၁၆  တန်   (ခန့်မှန်း  တန်ဖိုးငွေကျပ် ၄၇၁၄၈၀)နှင့်    အဆိုပါ   သစ်များ တင်ဆောင်လာသည့် ISUZU အမျိုးအစား  မော်တော် ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၅၀၀၀၀၀၀)ကို လည်းကောင်း    စုစုပေါင်း    ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၈၈၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ      အရေးယူဆောင်ရွက်လျက်ရှိ သည်။ 
တရားမဝင်သစ်မျိုးစုံဖမ်းမိ
အလားတူ   မေ  ၇  ရက်တွင်  ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  သစ်တောဦးစီးဌာန  ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့်  စစ်တွေမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၁၁ ဒသမ ၂၆၀၈  တန်  (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄၈၈၉၆ )ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက် ရှိသည်။
စားသောက်ကုန်များဖမ်းမိ
ထို့ပြင် မေ ၉ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်     အပြည်ပြည်ဆိုင်ရာလေဆိပ် ကုန်လှောင်ရုံ၌   တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ   တရားဝင်စာရွက် စာတမ်း  အထောက်အထားတစ်စုံတစ်ရာ  တင်ပြ နိုင်ခြင်းမရှိသည့်  အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ်  ၃၃၀၈၆၁၃)  ကို   လည်းကောင်း၊ မွန်ပြည်နယ်  မရမ်းချောင်အမြဲတမ်း  စစ်ဆေးရေး စခန်း၌  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံမြို့မှ  ပဲခူးမြို့သို့  သွားရောက် မည့်   ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌  တရားဝင် စာရွက်စာတမ်း    အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်များ (ခန့်မှန်း တန်‌ဖိုးငွေကျပ် ၁၀၇၀၀၀၀)ကို   လည်းကောင်း (အပေါ်ယာပုံ)  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၇၈၆၁၃  ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
ထို့အတူ   ဧရာဝတီတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်  သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေး အဖွဲ့က   စစ်‌‌ဆေးမှုများဆောင်ရွက်ခဲ့ရာ  ကြံခင်း မြို့နယ်အတွင်း တရားမဝင်  ကျွန်းခွဲသား  ၀ ဒသမ ၂၇၁  တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူ
၎င်းအပြင်  မေ  ၁၀  ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်   စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်နှင့် တမူးမြို့နယ် တို့အတွင်း  တရားမဝင်   ကျွန်းသစ်နှင့်ကညင်သစ်                     ၉ ဒသမ ၆၃၀၀  တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၉၅၀၀) ကို  သစ်တောဥပဒေအရ လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားဝင် စာရွက်စာတမ်း  အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်  အထည်အလိပ်၊  ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၂၀၈၀၀၀)ကို  ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း  စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ်  ၃၆၉၅၇၅၀၀ ကို   ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
တရားမဝင်သစ် ဖမ်းမိ
အလားတူ   ပဲခူးတိုင်းဒေသကြီး  တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူးအဖွဲ့၏  စီမံခန့်ခွဲ မှုဖြင့် တိုင်း‌ဒေသကြီး သစ်တောဦးစီးဌာနဦးဆောင် သော စစ်‌ဆေးရေးအဖွဲ့က  စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ  တောင်ငူခရိုင်  ဖြူးမြို့နယ်နှင့်  အုတ်တွင်းမြို့နယ် တို့အတွင်း  တရားမဝင်သစ်မျိုးစုံ  ၆ ဒသမ ၉၃၆၀ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၀၄၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ  အရေးယူ‌ဆောင် ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍  မေ ၆ ရက်၊ ၇ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ  ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၄၄၉၄၇၀၉)   ဖြစ် ကြောင်း    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။          
သတင်းစဉ်