တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၇


တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲ မှုဖြင့်    တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက် စွာ   တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ  ၇ ရက်တွင်      ကရင်ပြည်နယ် ကော့ကရိတ်    (တံတားကျိုး) ပူးပေါင်း    စစ်ဆေးရေးစခန်း၌ တာဝန်ကျ  အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ခရီးသည်တင်   မော်တော်ယာဉ် တစ်စီးပေါ်မှ    I Pad pro   အလုံး ၃၀     (ခန့်မှန်းတန်ဖိုးငွေကျပ်    ၂၈၀၀၀၀၀၀) နှင့်     အဆိုပါပစ္စည်း သယ်ဆောင်လာသည့်   ခရီးသည် တင်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀၀ဝ) စုစုပေါင်း (ခန့်မှန်း         တန်ဖိုးငွေကျပ်   ၁၀၃၀၀၀၀၀၀) ကို       သိမ်းဆည်း ရမိခဲ့ပြီး  အကောက်ခွန်ဥပဒေနှင့် အညီ      အရေးယူဆောင်ရွက် လျက်ရှိသည်။


ဖမ်းဆီးရမိ


ထို့ပြင်   စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး   အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုခရိုင်အတွင်း    တရားမဝင် ကျွန်းတံခါးရွက်၊ ကျွန်းခွဲသားများ ဆိုဒ်စုံ   ၃  ဒသမ  ၆၅၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၀၉၇ ၀၄၀) ကို    သိမ်းဆည်းရမိခဲ့ပြီး သစ်တော      ဥပဒေနှင့်အညီ      အရေးယူ    ဆောင်ရွက်လျက်ရှိ သည်။
အလားတူ     ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး    အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ  ၁၃ ဒသမ ၇၉၄၄ တန်     (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၂၃၃၀၀) ကို  သိမ်းဆည်း ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ    ဆောင်ရွက်လျက်ရှိ သည်။


အမှုတွဲလေးမှု


သို့ပါ၍ ဖေဖော်ဝါရီ ၇ ရက် တွင်  သိမ်းဆည်းရမိမှု  စုစုပေါင်း မှာ  အမှုတွဲ လေးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ်         ၁၀၇၄၂၀၃၄၀)  ဖြစ်ကြောင်း     တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင် ကော်မတီမှ သိရသည်။


သတင်းစဉ်
n