တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၆


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ  ၅  ရက် တွင်  မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၊ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်သေတ္တာ နှစ်လုံး၌ သွင်းကုန်ကြေညာလွှာ  ID  တွင်  ကြေညာထားခြင်းမရှိသော လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၁,၄၀၀,၀၀၀) ကို     ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ  စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ   မော်တော်ယာဉ် တစ်စီးပေါ်တွင်          ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော  တရားဝင်စာရွက် စာတမ်း   အထောက်အထားတစ်စုံတစ်ရာ   တင်ပြ နိုင်ခြင်းမရှိသည့်  လူသုံးကုန်ပစ္စည်းမျိုးစုံ  (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၆၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် ဥပဒေနှင့်အညီအရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အတူ ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းမှ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော  တာဝန်ကျလှည့်ကင်းစစ်ဆေးရေးအဖွဲ့က   စစ်ဆေး မှုများ      ဆောင်ရွက်ခဲ့ရာ    ရေပူကျေးရွာအနီးတွင်  (လိုင်စင်မဲ့)  မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၅,၀၀၀,၀၀၀)    ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့အပြင် ယနေ့တွင် ရှမ်းပြည်နယ် တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း ယာဉ်ငယ် စစ်ဆေးရေးဂိတ်မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင်တင်ဆောင် လာသော    တရုတ်နိုင်ငံထုတ်    စားသောက်ကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂,၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး       အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထပ်မံ၍    ပဲခူးတိုင်းဒေသကြီး    တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့်     တိုင်းဒေသကြီး      သစ်တောဦးစီးဌာနက ဦးဆောင်၍       ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ပဲခူး၊   တောင်ငူနှင့်  သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ  (၄၃ ဒသမ၂၀၂၄)   တန်    (ခန့်မှန်းတန်ဖိုးငွေကျပ်  ၈,၅၇၉,၈၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်  အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ပါ၍ ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၁,၁၆၁,၈၆၀) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                                       
သတင်းစဉ်