
နေပြည်တော် စက်တင်ဘာ ၁၄
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ ရက်တွင် အကောက်ခွန် ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဌာနခွဲမှ ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့ သည် သတင်းအရ ရန်ကုန်- ဘားအံ- မြဝတီ လမ်းကြောင်းတစ်လျှောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ရှောင်လမ်း ပဲခူး စက်မှု ဇုန် မုခ်ဝအနီးတွင် မော်တော်ယာဉ်နှစ်စီး ပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာ သော ကားတာယာများ၊ လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၁၆၅၆၂၄) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စီးနှင့် နောက်တွဲယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၁၆၅၆၂၄) ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေး မြို့နယ် သရက်ပင်ကွက်ကျေးရွာအတွင်း တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၃၈၀၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄၄၀၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ်သစ်တော ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ် ၀ ဒသမ ၅၂၈၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ယင်းအပြင် စက်တင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေး ရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော် ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် ဆိုင်ကယ်တာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကဝမြို့နယ် သပြေကန် ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း (မုပ္ပလင်) မိုင်တိုင်အမှတ် (၆/၃)နှင့်(၆/၄)ကြားတွင် Hijet အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့က တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၆၁၀၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၄၉၆၁၂) ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၄၉၆၁၂)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၃၀၉၆၃၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်