
နေပြည်တော် မတ် ၁၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာတွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း ၌ မတ် ၆ ရက်တွင် ကုန်သေတ္တာခုနစ်လုံးအတွင်းမှ Valid for Prior Arrival(VPA) ၆၁ ရက် ကျော်လွန် သော Wood Grain Filler ၄၈၇ ကီလိုဂရမ်၊ Porcelain Tile ၅၃၅ ဖာ၊ Haiter ၆၇၂ ကီလိုဂရမ်၊ PET Resin ၄၄၀၀၀ ကီလိုဂရမ်၊ Conical Rotor Motor နှစ်လုံးနှင့် သန့်စင်ခန်းသုံးပစ္စည်းများ အပါ အဝင် ကုန်ပစ္စည်း ၈၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၇၁၀၆၂၅)ကို လည်းကောင်း၊ မတ် ၇ ရက်တွင် ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ၊ သွင်းကုန်လိုင်စင်တို့နှင့် ကွဲလွဲပါရှိလာသော စက်မှု ကုန်ကြမ်းချည်မျှင် ၅၂၅၀၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၈၇၁၇၇၆၀) နှင့် Valid for Prior Arrival(VPA) ၆၁ ရက်ကျော်လွန်သော မီးဖိုချောင်သုံး စတီးဘေစင် အလုံး ၅၀ အပါအဝင် ကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈၅၇၅၀၀) ကို လည်းကောင်း၊ မတ် ၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံး အတွင်းမှ Valid for Prior Arrival(VPA) ၆၁ ရက် ကျော်လွန်သော Corundum Plastic ၁၄၁၅၀၊ ကီလိုဂရမ်၊ 60W Led Bulb အလုံး ၄၀၃၈၀ အပါ အဝင် ကုန်ပစ္စည်းငါးမျိုး (ယာပုံ) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၁၂၁၉၇၃၂)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၈၅၀၅၆၁၇ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၇ ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေး မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်သုံးစီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိသော စက်မှုကုန်ကြမ်းအထည်အလိပ်များ ၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၅၇၁၉၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Chenglong Tractor Head တစ်စီး၊ Beiben Tractor Head တစ်စီး၊ Mitsubishi Fuso Tractor Head တစ်စီး နှင့် နောက်တွဲယာဉ်သုံးတွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၃၅၇၁၉၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၉ ရက်တွင် ကလေးဝမြို့နယ်အတွင်း၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်သည့် Canda 125 တစ်စီး၊ New Anbo တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်း ကောင်း၊ မတ် ၁၀ ရက်တွင် စစ်ကိုင်းမြို့အဝင် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဟုမ္မလင်းမြို့နယ် ခိုပဲဝဆိပ်ကမ်း၌ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီး ဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တရားမဝင် အင်ခွဲသား ၀ ဒသမ ၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၉၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မတ် ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးခရိုင် သစ်တောဦးစီးဌာနဦးဆောင် သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျောက်တံခါးမြို့နယ် အိုင်တုံကွန်းကြိုးဝိုင်းအတွင်း တရားမဝင် ကညင်ခွဲသားနှင့် ဘိုင်ခွဲသား ၄ ဒသမ ၈၇၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၄၆၄၈ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၆ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၉ ရက် နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၃၆၃၇၄၅၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ သတင်းစဉ်