တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၁၂


တရားမဝင်ကုန်သွယ်မှု    တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး      ဆောင်ရွက်လျက်ရှိရာမွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၇ ရက် တွင် မော်လမြိုင်-ဘားအံ ကားလမ်း  စက်မှုဇုန်အနီး၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် ရော်ဘာနေလှန်းပြား  ၈၀၀၀ ကီလို ဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ်၂၉၉၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ မတ် ၁၁ ရက်တွင် သထုံမြို့နယ် လေးတိုင်ကျေးရွာအနီး၌ တရားမဝင် အခြားသစ် ၁ ဒသမ ၂၀၆ တန်(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၄၄၂၀)ကို   သစ်တောဥပဒေအရလည်းကောင်း  စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၉၉၈၄၄၂၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်    မန္တလေးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်    တာဝန်ကျပူးပေါင်းအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၁၀ ရက်တွင်  မန္တလေးမြို့ အဝင် ထုံးဘိုတိုးဂိတ်အနီး၌ ရန်ကုန်မြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီး ပေါ်မှ Damage Care ခေါင်းလျှော်ရည်ဘူး၄၅၀ အပါ အဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၆၄၀၀၀)နှင့်အဆိုပါပစ္စည်းများ  တင်ဆောင်လာ သည့် King Long Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ မတ် ၁၁  ရက်တွင်   မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းအနီး၌ မော်တော် ယာဉ်   တစ်စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်မှု ကုန်ကြမ်းဘေထုပ် ၁၇၅၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၄၈၇၅၀၀၀)နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Yutong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)  ကိုလည်းကောင်း၊ မိတ္ထီလာမြို့နယ်၌   မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း  အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် Diablo Beer ဘူး ၆၀၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၂၀၀၀၀၀၀)ကိုလည် ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၂၃၉၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မတ် ၁၁ ရက်တွင် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် နတ္တလင်းခရိုင်တို့အတွင်း ၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၀၁၂ တန်၊ သစ်မာ ၅   ဒသမ  ၉၂၀  တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၈၄၅၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ မတ်၁၂ ရက်တွင် ဘုရားကြီးမြို့   ရွှေသံလွင်တိုးဂိတ် အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်   တစ်စီးပေါ်မှ   တရားဝင်စာရွက် စာတမ်းအထောက်အထား  တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၈၇၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)နှင့်   အဆိုပါ ပစ္စည်းများ   တင်ဆောင်လာသည့်   Yutong   Bus  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို အကောက်ခွန်   လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၇၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၄၆၀)ကို သစ်တောဥပဒေအရလည်းကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈၇၉၉၁၂ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ မတ် ၇ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၁၀၃၃၃၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။    

                 

သတင်းစဉ်