တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   ဒီဇင်ဘာ     ၂၈


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး        ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေး တိုင်းဒေသကြီး        တရားမဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  တာဝန် ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်   လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးစခန်း ၌       မော်တော်ယာဉ်တစ်စီးပေါ် မှ     တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်    စက်သုံးဆီဓာတ်ဆီ  92   ဂါလန်   ၁၉၂၀  အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၃၃၇၅၆၇၇၇)နှင့် အဆိုပါ စက်သုံးဆီများ    တင်ဆောင်လာ သည့် Fuso Truck တစ်စီး (ခန့်မှန်း  တန်ဖိုးငွေကျပ်    ၂၅၀၀၀၀၀၀)စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၇၅၆၇၇၇  ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်း များနှင့်အညီ     အရေးယူဆောင် ရွက်လျက်ရှိသည်။
သစ်တောဥပဒေနှင့်အညီ 
အရေးယူ
ထို့အတူ  ဒီဇင်ဘာ ၂၇ ရက် တွင်    ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ  ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်  ကြံခင်းမြို့နယ်၌ တရားမဝင် ကျွန်းသစ်  ၂ ဒသမ ၁၉၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၉၆၀၄) ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိခဲ့
ထို့ပြင် ဒီဇင်ဘာ ၂၇ ရက်တွင် ကရင်ပြည်နယ်     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော် ယာဉ်တစ်စီးပေါ်မှ    တရားဝင် စာရွက်စာတမ်း       အထောက် အထား  တင်ပြနိုင်ခြင်းမရှိသည့် Lipovitan–D    အချိုရည်ပုလင်း ၁၀၀၀၀၊ ပုစွန်တစ်ကောင်စားအုန်း ဆီ  ၁၈ လီတာပါ ပုံး ၁၀၀၊ Wai Wai   ကြာဆံထုပ်  ၃၉၀၀၊  108 Detergent    ဆပ်ပြာမှုန့်ထုပ်  ၃၂၀၊     ဘောင်းဘီရှည်အထည်    ၂၈၀     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၄၀၀၀၀) နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Mit-subishi Canter တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်   ၂၅၀၀၀၀၀၀) စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၆၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့အတူ ဒီဇင်ဘာ ၂၇ ရက် တွင်    ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ   ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၀၆)ရပ်ကွက်၌   တရားမဝင် စက်သုံးဆီဓာတ်ဆီ  ၁၀  ဂါလန်၊     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀) ကို    ဖမ်းဆီးရမိခဲ့ပြီး    ရေနံနှင့် ရေနံထွက်ပစ္စည်း  ဥပဒေနှင့်အညီ အရေးယူ       ဆောင်ရွက်လျက် ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၇ ရက် တွင် မကွေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ  ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ တရားမဝင် ရေနံစိမ်း ၁၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀)ကို ပြည်သူပိုင်ပစ္စည်း ကာကွယ် ရေး   အက်ဥပဒေအရ   လည်း ကောင်း၊    မကွေးခရိုင်   မကွေး မြို့နယ်၌  လိုင်စင်မဲ့ Honda  CBR မော်တော်ဆိုင်ကယ်တစ်စီး  (ခန့် မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀)ကို   ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ်    ၂၃၅၅၀၀၀ ကို   ဖမ်းဆီးအရေးယူ      ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၇ ရက် တွင်       နေပြည်တော်ကောင်စီ နယ်မြေ    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေး မြို့နယ်၌ တရားမဝင် ကျွန်းသစ် ၂ ဒသမ ၈၅၄ တန်နှင့် အခြားသစ် ၁ ဒသမ ၇၂၄  တန်  စုစုပေါင်း (ခန့်မှန်းတန်ဖိုး       ငွေကျပ် ၄၆၅၃၄၀) ကို    ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ  အရေး ယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၆ ရက် နှင့်   ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ      အမှုတွဲ   ၁၃   မှု (ခန့်မှန်းတန်ဖိုး       ငွေကျပ် ၁၀၅၅၂၁၇၂၁) ဖြစ်ကြောင်း         တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး   ဦးဆောင်ကော်မတီမှ   သိရ သည်။                      
သတင်းစဉ်