နေပြည်တော် သြဂုတ် ၂၇
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဗလမင်းထင်တံတားအနီး၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ၃၉၄ ပီပါ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၄၀၀၀၀၀) နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာ သည့် I Zone Oil Bowser တစ်စီး၊ Hintar Oil Bowser တစ်စီးနှင့် NID Oil Bowser တစ်စီး စုစုပေါင်း ဆီသယ်ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၅ ရက်တွင် နေပြည် တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနား မြို့နယ်၌ လိုင်စင်မဲ့ Honda Super Four မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရ လည်းကောင်း၊ လယ်ဝေးမြို့နယ်၌ တရားမဝင် ကျွန်းသစ် ၁၉ ဒသမ ၈၀၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၂၃၁၀၁၀) ကို သစ်တောဥပဒေ အရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၃၂၃၁၀၁၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီး မြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင် မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီး၊ မြိတ်မြို့မှ ရန်ကုန် မြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့ သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် နှစ်စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိ သည့် စားသောက်ကုန်ပစ္စည်း ၁၉ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၅၂၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Express Bus တစ်စီး၊ စက်မှုဇုန်ထုတ် Hiace တစ်စီး၊ Yutong Bus တစ်စီးနှင့် Mitsubishi Fuso Bus တစ်စီး စုစုပေါင်း မော်တော်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၀၀၀၀၀၀၀) တို့ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းများအရ လည်း ကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရား မဝင် ကျွန်းသစ် ၆ ဒသမ ၃၉၅ တန်၊ သစ်မာ ၁၁ ဒသမ ၇၄၉ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၆၁၇၈၅၆) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၆၇၆၉၈၅၆ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၆ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ် ရှိ ဆေးဆိုင် သုံးဆိုင်၌ မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ် မပါရှိသည့် တရားမဝင် ဆေးဝါး ၁၄ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၂၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင် ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သြဂုတ် ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်း၌ တရားမဝင်သစ်မျိုးစုံ ၃ ဒသမ ၅၂၈ တန် နှင့် လူသုံးကုန်ပစ္စည်းတစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၆၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံး လုပ်နည်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိ သည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၃၅၃၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိ သည့် Pioneer DJ စက်နှစ်လုံး အပါအဝင် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၀၅၉၉၈၁) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၀၉၅၂၈၁ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သြဂုတ် ၂၃ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၆၀၀၈၄၄၇) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။ သတင်းစဉ်