တရားမဝင် သစ်မျိုးစုံ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လူသုံးကုန်ပစ္စည်းများနှင့်  မော်‌တော်ယာဉ်များ ဖမ်းဆီးရမိ


 

 

နေပြည်တော်   ဧပြီ   ၁၉
တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၈ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၄၇ ဒသမ ၈၇၉၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇၂၁၆၆၀) ကို လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် တောင်ငူခရိုင်နှင့်  ပြည်ခရိုင် သစ်တော ကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ်  ၁ ဒသမ ၇၅၄၀ တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၆၀၀) လည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၉၇၃၂၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 
ထို့အတူ ဧပြီ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုခရိုင်  ရွှေဘိုမြို့နယ်အတွင်း လိုင်စင်မဲ့ Toyota Landcruiser အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 
ယင်းအပြင် ဧပြီ ၁၉ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည် တင်မှန်လုံယာဉ်တစ်စီးပေါ်၌     တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် ဆိုင်ကယ်ဘက်ထရီများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  မူဆယ် ခရိုင်   တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး ကော်မတီ ဦးဆောင်သော  ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များက    စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   မူဆယ်မြို့ သိန်းသန်းချီ ကားဝင်းနှင့် ရွှေသမင်ဂေါက်ကွင်းအနီး ၌   တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်းမ‌ရှိသည့်  လူသုံးကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၄၀၄၅၃၁)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်   ငါးစီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၂၄၀၄၅၃၁)  ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ  ၁၈ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ်  ၃၁၅၇၇၇၇၉၁)   ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။                        သတင်းစဉ်