တရားမဝင် သစ်မျိုးစုံ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ  ဒီဇယ်ဆီများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


 

နေပြည်တော်   မေ   ၁၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို    ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ မေ     ၁၃    ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏       စီမံခန့်ခွဲမှုဖြင့်  မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေး‌ရေးစခန်း၌ တာဝန်ကျ   အကောက်ခွန်အဖွဲ့ က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ    သွင်းကုန် ကြေညာလွှာ(ID)တွင်  ကြေညာထားခြင်းမရှိသော  ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ         (ခန့်မှန်း တန်ဖိုး  ငွေကျပ် ၄၃၀၅၀၀၀)ကို  ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်        လုပ်ထုံးလုပ်နည်းနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်   မေ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး      တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့ ၏  စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော  စစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ  ပဲခူးခရိုင်နှင့်  တောင်ငူခရိုင်  သစ်‌တောကြိုးဝိုင်းများအတွင်း      တရားမဝင် သစ်မျိုးစုံ  ၆ ဒသမ ၁၀၉၆ တန်၊      (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၁၄၈၉၄၀၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ  စစ်ကိုင်းတိုင်းဒေသကြီး   တရား မဝင်   ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က       ကန့်ဘလူမြို့နယ် အတွင်း တရားမဝင်ဒီဇယ်ဆီ    (ချက်ဆီသန့်)၁၅၉၇၅ ဂါလန်၊ (ခန့်မှန်းတန်ဖိုး   ငွေကျပ်   ၁၂၇၈၀၀၀၀၀) နှင့် အဆိုပါဒီဇယ်ဆီများ   တင်ဆောင်လာသည့်  ၁၂  ဘီး  ကုန်တင်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၀၀၀၀၀၀၀)ကို ရေနံနှင့်   ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊  မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က    မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့   CANTER  အမျိုး အစား  မော်တော်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၆၀၀၀၀၀၀)  ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး  ငွေကျပ်   ၂၇၃၈၀၀၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်၍ မေ  ၁၃  ရက်နှင့် ၁၇  ရက်တို့တွင်   ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ (ခန့်မှန်း တန်ဖိုး ငွေကျပ်  ၂၇၉၅၉၄၄၀၆)   ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ  သိရသည်။                   သတင်းစဉ်