
နေပြည်တော် ဧပြီ ၁၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဧပြီ ၈ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ရာတွင် ချောင်းသာမြို့ ကံကြီး ကျေးရွာအနီး၌ ရေယာဉ်နှစ်စင်း ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် ပုစွန်တစ်ကောင်စားအုန်းဆီ ၁၈ လီတာပါ ၇၂၉ ပုံး၊ Star Oil စားအုန်းဆီ ၁၈ လီတာ ပါ ၄၃၇ ပုံး အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၃၀၀၀၀၀)နှင့် အဆိုပါစားသုံး ဆီများ တင်ဆောင်လာသည့် ငါးဖမ်းစက်လှေ နှစ်စင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၃၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဧပြီ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်း မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် တရုတ်နိုင်ငံ ထုတ် ZOJE အပ်ချုပ်စက် အလုံး ၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂၀၀၀၀၀၀) ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ လေးလုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ တွင် ကြေညာထားခြင်းမရှိသည့် Stainless Steel Pipe ၃၆၇၃ ကီလိုဂရမ်၊ မုန်ညင်းစေ့ ၅၆၉၇၄ ကီလိုဂရမ်၊ Forix Door Lock ၂၅၈၀ အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၃၉၇၀၅၁) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၅၃၉၇၀၅၁ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
လိုင်စင်မဲ့ယာဉ်တစ်စီး
ဖမ်းဆီးအရေးယူ
ထို့အတူ ရန်ကုန်တိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ် တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထား ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Cook & Lobster ငါးငံပြာရည် ပုလင်း ၄၈၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၂၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် ရန်ကင်း မြို့နယ် အောင်ဇေယျလမ်းနှင့် မိုးကောင်းလမ်းဆုံအနီး၌ လိုင်စင် မဲ့ Toyota Mark II မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၂၀၀၀၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧပြီ ၉ ရက်တွင် ညောင်ခါးရှည်
X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် Queen အချိုရည် အဆီ ပုလင်း ၁၂၀၀၊ Donutt Dietary Supplement ပုလင်း ၅၂၅၀ အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၇၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကို အကောက် ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဧပြီ ၁၀ ရက်၌ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ် ၇ ဒသမ ၈၈၀ တန်၊ သစ်မာ ၀ ဒသမ ၃၉၉ တန်နှင့် အခြားသစ် ၀ ဒသမ ၂၀၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၆၇၂၀) ကို သစ်တော ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၁၇၂၆၇၂၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင် မဲ့ Toyota Kluger မော်တော်ယာဉ် တစ်စီးနှင့် Toyota Landcruiser Prado မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၀၀၀၀၀၀) ကိုလည်းကောင်း၊
မုံရွာမြို့ မအူပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ SKAT SOWAR မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၅၁၅၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၇၁၂၃၇၇၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ သိရ သည်။ သတင်းစဉ်