တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်ဆိုင်ကယ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီ  ၇  ရက်တွင်  မန္တလေးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    အမရပူရရဲစခန်းမှ    ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အမရပူရမြို့နယ် ရွှေကြက် ယက်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော အိန္ဒိယနိုင်ငံ ထုတ်  ဂျုံမှုန့်အိတ်  ၂၄၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၀၀၀၀) နှင့် ဂျုံမှုန့်အိတ်များ တင်ဆောင်လာ သော Fuso အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ် တစ်စီး     (ခန့်မှန်းတန်ဖိုးငွေကျပ်    ၂၂၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၀၀၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အပြင်  ဖေဖော်ဝါရီ   ၉  ရက်တွင်   မြန်မာ့ ဆိပ်ကမ်း    ကုန်သေတ္တာစစ်ဆေးရေး     စခန်းတွင် အကောက်ခွန်ဦးစီးဌာန    တာဝန်ကျအကောက်ခွန် အဖွဲ့က    တရုတ်နိုင်ငံမှ     တင်သွင်းလာသော ကုန်သေတ္တာများကို စစ်ဆေးရာ သွင်းကုန်ကြေညာ လွှာ (ID) ထက် ပိုမိုပါရှိလာသော ချည်ထည် ခြေအိတ် အစုံ ၃၈၄၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၅၅၀၀၀) နှင့် ကြွေပြား ၁၀၉၂၄ ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၄၄၉၇၂၈)    စုစုပေါင်း      (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၁၀၄၇၂၈) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိပါသည်။

 


အလားတူ    မန္တလေး-လားရှိုး    ပြည်ထောင်စု လမ်းမကြီး   ၂၁   မိုင်အနီးတွင်     အကောက်ခွန်  ဦးစီးဌာနနှင့် တာဝန်ကျပူးပေါင်းအဖွဲ့က သတင်းအရ  စောင့်ဆိုင်းစစ်ဆေးစဉ်  တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ    တင်ပြနိုင်ခြင်း မရှိသော လူသုံးကုန်ပစ္စည်းများနှင့် ဖုန်းအပိုပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄၈၇၅၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော Hino  ၁၂ ဘီး မော်တော်ယာဉ်  တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀) နှင့် အလှကုန်နှင့် စားသောက်ကုန် ပစ္စည်း ၁၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၇၅၀၀) ကိုလည်းကောင်း၊   ၁၈/၂ မိုင်ခန့်တွင်  သကြားလုံး  ဖာ ၉၃၀  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၇၂၀၀၀၀) နှင့်  အဆိုပါပစ္စည်းများ  တင်ဆောင်လာသော Isuzu  ခြောက်ဘီး မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်   ၇၃၈၂၅၀၀၀  ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင် ရွက်လျက်ရှိသည်။

 


၎င်းအပြင် ဖေဖော်ဝါရီ ၁၀  ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာန နှင့်   တာဝန်ကျ    ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက  ရှောင်တခင် စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား   တစ်စုံတစ်ရာ   တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်မျိုးစုံနှင့် Laptop (used)မျိုးစုံ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၂၈၅၀၀)နှင့် အဆိုပါပစ္စည်းများ သယ်ဆောင်လာသည့်  Nissan UD ၁၀ ဘီးယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃၂၈၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပဲခူးတိုင်း ဒေသကြီး    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တော ဦးစီးဌာနက    ဦးဆောင်၍     ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ ဝင်ရောက်စစ်ဆေးရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင် သစ်တောကြိုးဝိုင်းများအတွင်းမှ တရား မဝင် ကျွန်းသစ် ၆ ဒသမ ၄၄၇၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၉၃၄၁၆၀) ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့များက    သတင်းအရ    သွားရောက် စစ်ဆေးရာ မြင်းမူမြို့နယ်မှ လိုင်စင်မဲ့ ဆိုင်ကယ်  တစ်စီး၊ မုံရွာမြို့မှ  လိုင်စင်မဲ့  ဆိုင်ကယ်တစ်စီးနှင့် ဒီပဲယင်းမြို့မှ SURF အမျိုးအစား လိုင်စင်မဲ့ မော်တော် ယာဉ် တစ်စီး  စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


၎င်းအပြင် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေး ရေးစခန်းမှ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက ရှောင်တခင် လှည့်လည်စစ်ဆေး စဉ်  တရားဝင်စာရွက်စာတမ်း  အထောက်အထား တင်ပြနိုင်ခြင်း     မရှိသော     လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၅၀၀၀) နှင့် အဆိုပါ ပစ္စည်းများ    တင်ဆောင်လာသော  Toyota  ISIS မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)    စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၅၀၀၀  ကို  ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍  ဖေဖော်ဝါရီ  ၇  ရက်၊   ၉ ရက်နှင့် ၁၀  ရက်တို့တွင်  ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ  အမှုတွဲ ၁၆  မှု  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၈၃၇၀၇၃၈၈) ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။       
 

 သတင်းစဉ်