တရားမဝင် လူသုံးကုန်ပစ္စည်း၊ ကျောက်စိမ်းအရိုင်းတုံးများနှင့် မီးသွေးများ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၁၁


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက် ရေး       ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး     ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် ကချင် ပြည်နယ်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး     အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော   ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ ဖားကန့်မြို့        မြို့မရပ်ကွက် ဥရုရတနာ  ကျောက်စိမ်းတောင် တံတားအနီးတွင်   မော်တော်ယာဉ် တစ်စီးပေါ်၌   တရားမဝင်သယ် ဆောင်လာသော      ကျောက်စိမ်း အရိုင်းတုံး ၈၄၅ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ်  ၂၇၄၅၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင်  အောက်တိုဘာ  ၁၁ ရက်တွင်  နေပြည်တော်ကောင်စီ နယ်မြေ   တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး     အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာန    ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ်အတွင်း  တရား မဝင်   မီးသွေးအိတ်များနှင့်အခြားသားထင်းပေါက်ခြမ်းများ (ခန့်မှန်း တန်ဖိုးငွေကျပ်  ၅၃၆၀၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေ နှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ယင်းအပြင်  ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး   အထူးအဖွဲ့၏    စီမံခန့်ခွဲမှု ဖြင့်      ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန် ကျပူးပေါင်းအဖွဲ့က  စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ      မြဝတီမြို့မှ ရန်ကုန်မြို့သို့   သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ တရား ဝင်စာရွက်စာတမ်း   အထောက် အထား  တစ်စုံတစ်ရာ  တင်ပြနိုင် ခြင်းမရှိသည့်         အမျိုးသမီး လက်ကိုင်အိတ်    ၁၂၀   (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀၀)  ကို ဖမ်းဆီးရမိခဲ့ပြီး      အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍   အောက်တိုဘာ ၉ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီး ရမိမှု   စုစုပေါင်းမှာ  အမှုတွဲသုံးမှု၊ (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၅၆၈၁၅၀၀) ဖြစ်ကြောင်း   တရား မဝင်      ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ      သိရ သည်။

သတင်းစဉ်