တရားမဝင် လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ကားအပိုပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်  ၁၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ မတ် ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့် အင်းစိန်ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့က သတင်းအရ ဘုရင့်နောင်လမ်းမ ကြီး    ဘုရင့်နောင်ငါးလုပ်ငန်းဦးစီးဌာနအနီးတွင် ပေ ၂၀ ကုန်သေတ္တာတင်ထားသော မော်တော်ယာဉ် ငါးစီးကို        စစ်ဆေးမှုများ       ဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင်လိုအပ်သော       ပစ္စည်းဖြစ်ပြီး တရားမဝင်  တင်သွင်းခဲ့သော  ကုန်ပစ္စည်းဖြစ်သည့် သွပ်နန်းကြိုးခွေ  ၁၁၂၉၈၀   ကီလိုဂရမ်   (ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၅၄၂၁၇၇၀၀)  ကို  ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၁၂  ရက်တွင်  ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ် နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင် လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော TRUST Dashboard Cover (Revo) ၁၂ ခု အပါအဝင် ကုန်ပစ္စည်း ၂၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၈၆၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော NISSAN VANETTE Pickup တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)  စုစုပေါင်း   ခန့်မှန်းတန်ဖိုး ငွေကျပ်      ၃၄၆၈၆၀၀၀     ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်    လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မတ် ၁၃ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏    စီမံခန့်ခွဲမှုဖြင့်    မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌      တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ  နှစ်လုံးအတွင်းမှ   Valid for Prior Arrival(VPA) ၆၁ ရက်ကျော်လွန်သည့် ပစ္စည်းများ ဖြစ်သော SJEC Elevator သုံးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၁၁၃၈၂၀၀၀၀)   ကို   ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၁၀ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့ တွင်  ဖမ်းဆီးရမိမှု   စုစုပေါင်းမှာ   အမှုတွဲ  ကိုးမှု  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၀၂၇၂၃၇၀၀)  ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီမှ သိရသည်။               သတင်းစဉ်