
နေပြည်တော် သြဂုတ် ၃၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူး မြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်(၁၈/၄) နှင့် (၁၈/၅)အကြား၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် ကျွန်း ပါကေး အကြမ်းတုံးများ ၀ ဒသမ ၅၂၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၆၅၂) နှင့် အဆိုပါသစ်များ တင်ဆောင်လာသော Toyota Probox အမျိုးအစား မော်တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၄၄၆၅၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
အလားတူ ဩဂုတ် ၂၉ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း ၌ ဝင်ရောက်အစစ်ဆေးခံသော မော်တော်ယာဉ် တစ်စီးအား အသေးစိတ် တိုက်ဆိုင်စစ်ဆေးနိုင် ရေးအတွက် လားရှိုးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံး သို့ ခေါ်ဆောင်၍ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာ ဖော်ပြထားခြင်းမရှိဘဲ ကွဲလွဲ၍ တင်ဆောင်လာသော Two Wheel Tractor အပိုပစ္စည်းများ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၂၀၂၉၁၂၃) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသော Hino Profia Sh1edx အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅၀၂၉၁၂၃ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာ ထားခြင်းမရှိသော Generator Machine တစ်လုံးနှင့် စက္ကူ ပြုလုပ်ရာတွင် အသုံးပြုသည့် Strengthening Agent ၅၀၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နေပြည်တော် ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစု ကျေးရွာအုပ်စု၌ တရားမဝင် ကျွန်းခွဲသားနှင့် ကျွန်းဘုရားစင်အကြမ်း ၀ ဒသမ ၁၆၉၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၁၅၄၀) ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
အလားတူပင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး)စုပေါင်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ ဩဂုတ် ၂၉ ရက် တွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID ၌ ကြေညာထားသည်ထက် ပိုမို တင်ဆောင်လာသော ကြွေပြား ချပ်များနှင့် SLIM BAG အိတ် များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) ကို လည်းကောင်း၊ ဩဂုတ် ၃၀ ရက်တွင် မော်တော် ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာ ID ၌ ကြေညာထား ခြင်းမရှိသော MEN Slipper များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၀၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၆၀၀၀၀ ကို သိမ်းဆည်းရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၄၅၃၁၅ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။
သတင်းစဉ်