တရားမဝင် ကျွန်းသစ်၊ သစ်မျိုးစုံနှင့် လူသုံးကုန်ပစ္စည်များ ဖမ်းဆီးရမိ

 

 

နေပြည်တော် ဖေဖော်ဝါရီ ၂၁
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး          ဦးဆောင်ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို     ဥပဒေနှင့် အညီ      ထိရောက်စွာ    တားဆီး     အရေးယူနိုင်ရေး      ဆောင်ရွက်    လျက်ရှိရာ  ဖေဖော်ဝါရီ ၁၈ ရက် က      ရန်ကုန်တိုင်းဒေသကြီး     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး     အထူးအဖွဲ့၏  စီမံခန့်ခွဲမှု ဖြင့်     တိုင်းဒေသကြီး        သစ်တော ဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ရှောင်တခင်   စစ်ဆေး ရာတွင်   မှော်ဘီမြို့နယ်အတွင်း  တရားမဝင်  ကျွန်းသစ် တန်  ၆ ဒသမ   ၉၁၃၀      ခန့်မှန်တန်ဖိုး ငွေကျပ် ၂၀၇၃၉၀၀ ကို  ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ     အရေးယူ    ဆောင်ရွက်လျက်ရှိ သည်။ 
ထို့အပြင်       ယနေ့တွင်  မွန်ပြည်နယ်      မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း  ရှိ  ပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ    သွင်းကုန်ကြေညာ လွှာတွင်  ကြေညာထားသည်ထက်        ပိုမိုတင်ဆောင်လာသော တရားဝင်       စာရွက်စာတမ်း အထောက်အထား   တစ်စုံတစ်ရာ    တင်ပြနိုင်ခြင်းမရှိ သည့်    ဗိုလ်ထိုင်အိမ်သာ ကြွေခွက် အစုံ ၅၀   ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၃၀၀၊   ကလေးလက်တွန်း  လှည်း   ၁၄၀     ခန့်မှန်းတန်ဖိုး ငွေကျပ်  ၁၂၄၄၆၀၀   နှင့်  Baby Walker ၉၀     ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၁၀၀    စုစုပေါင်း  ခန့်မှန်းတန်ဖိုး       ငွေကျပ် ၄၄၄၅၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် ဥပဒေဖြင့်  အရေး ယူ  ဆောင်ရွက်လျက်ရှိသည်။
အလားတူ    ပဲခူးတိုင်းဒေသ ကြီး    တရားမဝင် ကုန်သွယ်မှု  တိုက်ဖျက်ရေး    အထူးအဖွဲ့၏    စီမံခန့်ခွဲမှု ဖြင့်    ပဲခူးတိုင်းဒေသကြီး    သစ်တောဦးစီးဌာနနှင့်   ပူးပေါင်း အဖွဲ့များက  သတင်းအရ   သွား ရောက်စစ်ဆေးရာ     ပဲခူးခရိုင်  သစ်တော ကြိုးဝိုင်းများအတွင်း  တရားမဝင်    သစ်မျိုးစုံ   တန် ၁၆ ဒသမ ၈၁၈၀    စုစုပေါင်း    ခန့်မှန်း တန်ဖိုး   ငွေကျပ် ၃၉၀၃၂၈၀ ကို    ဖမ်းဆီးရမိခဲ့ပြီး   သစ်တောဥပဒေ ဖြင့်    အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်၍  ဖေဖော်ဝါရီ ၁၈ ရက် နှင့် ၂၁ ရက်တို့တွင်   ဖမ်းဆီးရမိမှု   စုစုပေါင်းမှာ     အမှုတွဲလေးမှု ခန့်မှန်းတန်ဖိုး         ငွေကျပ် ၁၀၄၂၂၁၈၀       ဖြစ်ကြောင်း     တရားမဝင်     ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ   သိရ သည်။    
    သတင်းစဉ်