
နေပြည်တော် မေ ၂၄
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ မေ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မင်းဘူး မြို့နယ် မင်းဘူး-မကွေး ကားလမ်း ၌ TOYOTA MARK II အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)နှင့် ပခုက္ကူမြို့နယ် ပခုက္ကူ-ရေစကြိုကားလမ်း၌ NISSAN X-trail အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တောမြို့နယ် ကညင်ချောင်း စီးပွားရေးဇုန်အတွင်း၊ အမှတ်(၃)ဆိပ်ကမ်းဘက်၌ အကယ်ဒမီ (၁၀၀ ရာခိုင်နှုန်း ) တံဆိပ်ပါ (၂x၁) လက်မခန့်၊ ရွှေတစ်ပြားလျှင် ၁၀ ကျပ်သားခန့်ရှိ တရားမဝင် ရွှေပြားလေးပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၂၀၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပြင်ဖြူနယ်မြေရဲစခန်း တွင် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ မေ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင် လာသည့် ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌ တရားဝင် စာရွက် စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၂၀၀၀) ကို လည်းကောင်း၊ မူဆယ်မြို့ နန်းတော် စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အိမ်သုံး လျှပ်စစ် အသုံးအဆောင်ပစ္စည်း များနှင့် စီးကရက်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၂၀၀၀၀) ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈၂၂၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ထို့ပြင် မေ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင် မင်းလှမြို့နယ် မုက္ခာကြိုးဝိုင်းအတွင်း တရား မဝင် ကျွန်းသစ် (၄ ဒသမ ၄၁၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၅၉၆၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခုနစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၇၇၇၉၆၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်