တရားမအထူးအယူခံမှု(၃)မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု(၅)မှု ရုံးထိုင်ကြားနာ

 

 

နေပြည်တော်    ဇန်နဝါရီ    ၁၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးမျိုးတင့်၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ် ၁၃/၂၀၂၀ (ဧရာဝတီ)၊ ၂၂/၂၀၂၀ (ရန်ကုန်) နှင့် ၂၄/၂၀၂၀ (ပဲခူး)၊  စုစုပေါင်း  တရားမအထူးအယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉၈/ ၂၀၁၉ (စစ်ကိုင်း)၊၂၅/၂၀၂၀ (ရှမ်း)၊ ၂၆/၂၀၂၀  (ရှမ်း)၊ ၂၇/၂၀၂၀ (ရန်ကုန်) နှင့် ၃၀/ ၂၀၂၀ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံမှု ( ၅ ) မှု တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်း ရရှိသည်။                                    
သတင်းစဉ်