တရားမအထူးအယူခံမှု (၅) မှု စီရင်ချက်ချမှတ်၊  တရားမအထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

 

 

နေပြည်တော်   ဧပြီ   ၂၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်    တရားသူကြီးများဖြစ်ကြသော    ဦးကြည်သိန်း၊  ဦးတင်ဟုန်၊  ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည်       ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်၊     ရုံးခန်းအမှတ် (၁) ၌    ရုံးထိုင်၍   တရားမ အထူးအယူခံမှုအမှတ် ၁၇/၂၀၂၀ (ရန်ကုန်)၊   ၁၈/၂၀၂၀  (ရန်ကုန်)၊ ၁၅/ ၂၀၂၀  (မန္တလေး)၊  ၄/၂၀၂၁ (ဧရာဝတီ) နှင့် ၅ / ၂၀၂၁ (ဧရာဝတီ)  စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ 
ထို့ပြင် တရားမအထူးအယူခံမှုအမှတ်   ၉/၂၀၂၁   (ဧရာဝတီ)၊ ၁၀/၂၀၂၁ (ဧရာဝတီ)၊   ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁  (ဧရာဝတီ)နှင့်  ၂၇/၂၀၂၁ (ရှမ်း)    စုစုပေါင်း   တရားမအထူးအယူခံမှု (၅) မှုတို့ကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။                                                    သတင်းစဉ်