တရားမအထူးအယူခံမှု (၅) မှု  စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့်  တရားမအထူးအယူခံမှု (၄) မှု ရုံးထိုင်ကြားနာ

 

 

နေပြည်တော်    မေ    ၂၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉  နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊  ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ်  ၁၉/ ၂၀၂၀ (ရှမ်း)၊ ၃၃/၂၀၂၁ (မကွေး)၊ ၃၄/၂၀၂၁ (မကွေး) ၊ ၁/၂၀၂၂  (ဧရာဝတီ) နှင့် ၅/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို စီရင်ချက်ချမှတ်သည်။ 
ထို့ပြင်  ရာဇဝတ်အထူးအယူခံမှုအမှတ် ၇ / ၂၀၂၁ (မန္တလေး)  နှင့်  တရားမအထူး အယူခံမှုအမှတ် ၃၂/၂၀၂၁ (မန္တလေး)၊ ၁၇/၂၀၂၀ (ရန်ကုန်)၊ ၁၈/၂၀၂၀ (ရန်ကုန်) နှင့်  ၇/ ၂၀၂၂ (မကွေး)  စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့်  တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်