တရားမအထူးအယူခံမှု (၃)မှု စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာ


 

နေပြည်တော်    ဇွန်     ၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊  ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၁ (မန္တလေး) ကို ကြားဖြတ်အမိန့်ချမှတ်ပြီး တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၀  (ရန်ကုန်)၊ ၁၈/၂၀၂၀(ရန်ကုန်)နှင့် ၇/၂၀၂၂ (မကွေး) စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။ 
ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၀/၂၀၂၁ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၂၅ / ၂၀၂၁ (တနင်္သာရီ)၊ ၂၆ / ၂၀၂၁  (တနင်္သာရီ)၊  ၃၁/၂၀၂၁ (မန္တလေး)  နှင့် ၈/၂၀၂၂ (ရန်ကုန်)  စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်