
နေပြည်တော် ဧပြီ ၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၈/၂၀၂၀ (တနင်္သာရီ)၊ ၄၅/ ၂၀၂၀ (ကရင်)၊ ၄၆/၂၀၂၀ (တနင်္သာရီ) ၆/၂၀၂၁ (ရန်ကုန်)၊ ၁၄/၂၀၂၁ (မန္တလေး) နှင့် ၂၉ / ၂၀၂၁ (ရန်ကုန်) စုစုပေါင်း တရားမ အထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)၊ ၅၀/၂၀၂၀ (ပဲခူး)၊ ၁/၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)နှင့် ၈/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာ ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်