တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို
ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊  ၆၁ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်    ၈   ရက်
 (၂၀၂၁    ခုနှစ်၊ အောက်တိုဘာလ  ၂၈  ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ  ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ 
၁။    ဤဥပဒေကို တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေ ရမည်။ 
၂။     တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “၄။    တရားလွှတ်တော်ရှေ့နေများကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
    (က)    ပြည်ထောင်စုဝန်ကြီး/ ပြည်ထောင်စုရှေ့နေချုပ်    ဥက္ကဋ္ဌ
            ဥပဒေရေးရာဝန်ကြီးဌာန
    ( ခ )     ပြည်ထောင်စုတရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းသော    ဒုတိယဥက္ကဋ္ဌ
            ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦး    
    ( ဂ ) ဒုတိယဝန်ကြီး/ဒုတိယရှေ့နေချုပ်     အဖွဲ့ဝင်
        ဥပဒေရေးရာဝန်ကြီးဌာန    
    (ဃ)     ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမည်စာရင်း    အဖွဲ့ဝင်
        တင်သွင်းသောတရားလွှတ်တော်ရှေ့နေ သုံးဦး 
`    ( င)     ပြည်ထောင်စုဝန်ကြီး/ ပြည်ထောင်စုရှေ့နေချုပ်က    အဖွဲ့ဝင်
            အမည်စာရင်းတင်သွင်းသော တရားလွှတ်တော်ရှေ့နေသုံးဦး 
    ( စ )     ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်    အဖွဲ့ဝင်
    (ဆ)    ညွှန်ကြားရေးမှူးချုပ်၊  ဥပဒေရေးရာဝန်ကြီးဌာန                    အတွင်းရေးမှူး”
၃။    တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၅ ကို ပယ်ဖျက်ရမည်။
၄။    တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ ၂၀ နှင့် ပုဒ်မ ၂၁ ပါ “ပြည်ထောင်စုရှေ့နေချုပ် ရုံး”   ဆိုသည့် စကားရပ်အား “ဥပဒေရေးရာဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၅။    တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေ ပုဒ်မ၂၂ ကို အောက်ပါအတိုင်းအစားထိုးရမည်-
    “၂၂။    ဥပဒေရေးရာဝန်ကြီးဌာနသည်  နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ  အဖွဲ့ဝင်များအတွက် စရိတ်ချီးမြှင့်ငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်  သတ်မှတ်ပေးရမည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

                                                                            (ပုံ) မင်းအောင်လှိုင်
                                                                      ဗိုလ်ချုပ်မှူးကြီး
                                                                                                              ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ