တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ - ၁၄၄ ထုတ်ပြန်တားဆီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

တရားလွှတ်တော်ရှေ့နေ     ဦးခင်မောင်ဇော်ကို ပျဉ်းမနားမြို့နယ်    အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနက  ပုဒ်မ- ၁၄၄  ထုတ်ပြန်တားဆီးခြင်းနှင့် ပတ်သက်၍  လက်ရှိလူမှုကွန်ရက်မီဒီယာများတွင် သတင်းများ        ရေးသားဖော်ပြနေမှုများအပေါ်       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    သတင်းထုတ်ပြန်ရေးအဖွဲ့  ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားထားသည်-


“ဒီတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ပတ်သက်ပြီး  ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ  ပျဉ်းမနားမြို့နယ်၊   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အမိန့်ထုတ်ပြန်ပြီးတော့ ကန့်သတ် လိုက်တာ မှန်ပါတယ်။ အဓိကကတော့ ကန့်သတ် လိုက်တဲ့ စာထဲမှာလည်း ပါပြီးဖြစ်ပါတယ်။ နှစ်ချက် ရှိပါတယ်။ နံပါတ်တစ်အချက်ကတော့ သူ့အနေနဲ့ က ပြည်တွင်း၊ ပြည်ပသတင်းဌာနတွေ၊ တရားမဝင် ထုတ်လွှင့်တဲ့ သတင်းဌာနတွေ၊ ဒါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးပျက်ပြားစေတဲ့    သတင်း အမှားတွေ၊  လှုံ့ဆော်မှုတွေ ပြုလုပ်လျက်ရှိတယ်။    အဲဒီသတင်းဌာနတွေနဲ့     ဆက်သွယ်ပြီးတော့မှ သက်သေများရဲ့    ရုံးရှေ့ထွက်ဆိုချက်တွေကို    ထုတ်ပြန်  ပြောဆိုလျက်ရှိတယ်။    ဒါကြောင့်မို့   ပိတ်ပင်ရခြင်းဖြစ်တယ်။  အဲဒီလို ထုတ်ပြန်ပြော ဆိုတဲ့နေရာမှာ      ဘာတွေဖြစ်သလဲဆိုတော့  ဦးခင်မောင်ဇော်ရဲ့  ဆက်သွယ်ပြောဆိုချက်တွေက တရားဥပဒေနဲ့အညီ    ဆောင်ရွက်ရတဲ့  ပုဂ္ဂိုလ် တစ်ဦးဦးကို   နှောင့်ယှက်မှု(သို့မဟုတ်)   ထိခိုက် နာကျင်ဆုံးရှုံးမှု၊   အများပြည်သူတို့ရဲ့   ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုတွေကို  ဖြစ်ပေါ်စေတဲ့ အတွက် ဒါကို ပုဒ်မ-၁၄၄ အရ တားဆီးရခြင်း ဖြစ်ပါ တယ်။  ဒါကြောင့်မို့    တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်အနေနဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာ တွေ ၊ အခြားပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း၊ ပုဂ္ဂိုလ် များနဲ့   တိုက်ရိုက်ဖြစ်စေ၊  သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းနဲ့   ဆက်သွယ်ခြင်း၊  တွေ့ဆုံခြင်း၊ ပြောဆိုခြင်း မပြုလုပ်ရန်ဆိုပြီး အဲဒီပုဒ်မ-၁၄၄ အရ တားဆီးခဲ့ခြင်း    ဖြစ်ပါတယ်။   ရည်ရွယ်ချက်က ဘာလဲဆိုတော့   ကျွန်တော်တို့နိုင်ငံက  ခုချိန်မှာ တည်ငြိမ်အေးချမ်းရေး    လိုအပ်လျက်ရှိတယ်။ တည်ငြိမ်အေးချမ်းရေး  လိုအပ်လျက်ရှိတဲ့အခါမှာ သူပြောဆိုနေတဲ့ စကားတွေသည် မှန်ခြင်းမှားခြင်း ကို မဝေဖန်ပါဘူး။ ကျွန်တော် မနေ့ကလည်း သတင်းမီဒီယာ တော်တော်များများနဲ့ပြောခဲ့တယ်။ သူပြောတဲ့  စကားနဲ့ပတ်သက်ပြီး မှန်ခြင်းမှားခြင်း မဝေဖန်ဘူး။    သက်သေအထောက်အထားတွေ    ရှိပြီးဖြစ်တယ်။    တစ်နေ့နေ့   တစ်ချိန်ချိန်မှာ  ဟုတ်တယ်၊ မဟုတ်ဘူး အဆက်အစပ်တွေ  သိလာ လိမ့်မယ်။ သို့သော်  ခုချိန်မှာတော့  ဒီစကားတွေသည် နိုင်ငံတော်မှာ     အဓိကလိုအပ်နေတဲ့    တည်ငြိမ် အေးချမ်းရေးကို   ထိခိုက်စေနိုင်တဲ့အတွက်  ပုဒ်မ-၁၄၄ အရ   ကျွန်တော်တို့   တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 


အလားတူ          ဖွဲ့စည်းပုံအခြေခံဥပဒေအရ  လွတ်လပ်စွာပြောဆိုခွင့်ရှိကြောင်း  ပြဋ္ဌာန်းထား သောကြောင့်   ယခုကဲ့သို့   ပုဒ်မ - ၁၄၄   ထုတ်ပြန် ကန့်သတ်လိုက် ခြင်းသည်  ဖွဲ့စည်းပုံ အခြေခံဥပဒေကို   ဆန့်ကျင်နေသည်ဟု      အချို့   မီဒီယာများနှင့်  အဖွဲ့များက ဝေဖန်မှုများရှိနေခြင်းနှင့်  ပတ်သက်၍ လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     သတင်း ထုတ်ပြန်ရေးအဖွဲ့    ခေါင်းဆောင်     ဗိုလ်ချုပ် ဇော်မင်းထွန်းက   ယခုလို   ဆက်လက်ဖြေကြား ခဲ့သည်-


“မှန်ပါတယ်။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်မှာတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄ အရ   နိုင်ငံသားတိုင်းဟာ  နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊  ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်)  ပြည်သူလူထုရဲ့     ကိုယ်ကျင့်တရား အကျိုးငှာ     ပြဋ္ဌာန်းထားသည့်  ဥပဒေများနဲ့ မဆန့်ကျင်ရင် အကျဉ်းချုပ်အနေနဲ့      ပြောရရင် (က)    လွတ်လပ်စွာ   ပြောဆိုရေးသားခွင့်ရှိတယ်၊      (ခ) လှည့်လည်စီတန်းခွင့်၊    ဆန္ဒပြခွင့်ရှိတယ်၊       (ဂ)   အဖွဲ့အစည်းတွေ   ဖွဲ့စည်းခွင့်ရှိတယ်၊ (ဃ) စာပေနဲ့  ယဉ်ကျေးမှုလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ရှိ တယ်လို့   ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။   သို့သော်  ဒီနေရာမှာ ကျွန်တော်တို့   သတိထားရမှာက   အဲဒီ ဥပဒေပုဒ်မ ထဲမှာကိုပါပြီးသား၊ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး(သို့မဟုတ်)ပြည်သူလူထုရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ များနဲ့ မဆန့်ကျင်ရင်လို့ ပြောပါတယ်။ ခုနက သူတို့ ပြောတဲ့ စကားတွေသည်      တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုလား၊    မပြုလားဆိုတာကို သုံးသပ်လို့ရပါတယ်။    တည်ငြိမ်အေးချမ်းရေးကို ပိုပြီးဆိုးစေမလား ဆိုတဲ့ဟာကို သုံးသပ်လို့ရပါတယ်။ ဒါကတော့     ဥပဒေအကြောင်းအခြင်းအရာအရ တစ်ရပ်ပေါ့။ နောက်တစ်ခုကတော့ အခြေခံဥပဒေမှာ ခုအချိန်က  တပ်မတော်က နိုင်ငံတော်ကိုနိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီးတော့မှ နိုင်ငံတော် တာဝန်ကို ရယူထားတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ လိုက်နာရမယ့် ဟာတွေ ရှိပါတယ်။ ဒီ ပုဒ်မ-၃၈၁ အရဆိုရင် ကျွန်တော်တို့က နိုင်ငံသားများရဲ့  တရားဝင်ရပိုင်ခွင့်နဲ့   နစ်နာချက် များကို ဥပဒေနဲ့သတ်မှတ်ထားတဲ့ ရယူပိုင်ခွင့်သည် ကန့်သတ်လို့ရတာတွေ   ရှိတယ်။   အဲဒါတွေက ဘယ်အချိန်လဲဆိုတော့ တိုင်းတစ်ပါး  ကျူးကျော်တဲ့ အချိန်၊    ဆူပူသောင်းကျန်းမှု  ဖြစ်နေတဲ့အချိန်၊ အရေးပေါ်အခြေအနေ    ဖြစ်ပေါ်နေချိန်မှာ  မူလ အခွင့်အရေးနဲ့တာဝန်များကို  ကန့်သတ်ခွင့်ရှိတယ်။ ဒါ့အပြင် ပုဒ်မ-၄၂၀ အရတော့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ အရေးပေါ်အခြေအနေ ကြေညာ ထားစဉ်မှာ  လိုအပ်တဲ့   ရေမြေဒေသအတွင်းမှာ နိုင်ငံသားများရဲ့     မူလအခွင့်အရေးတစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ၊ လိုသလို ကန့်သတ် ရပ်ဆိုင်းနိုင်တယ်လို့ ပါရှိပါတယ်။ အခြေခံဥပဒေအရ ကျွန်တော်ကပြောခြင်းဖြစ်တယ်။ ပြီးရင်တော့ အခု ကျွန်တော်တို့ထုတ်ပြန်လိုက်တဲ့   ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရပြောမယ်ဆိုရင် ပုဒ်မ-၁၄၄(၁)မှာ ပါပြီးသားဖြစ်ပါတယ်။ ဒါကတော့ သူ့ရဲ့ကန့်သတ် တဲ့စာထဲမှာလည်းပါတယ်။   တရားသဖြင့်လုပ်ကိုင် ရသူတစ်ဦးဦးကို    နှောင့်ယှက်ထိခိုက်စေတဲ့အရာကို ဖြစ်စေ၊ ဟန့်တားနှောင့်ယှက်ခြင်းဖြစ်သည်ကို စိုးရိမ် ရန်ရှိသည့်အရာကိုဖြစ်တယ်။ လူ့အသက်ကျန်းမာမှု သို့မဟုတ်   လုံခြုံမှုကိုထိခိုက်စေနိုင်သည့် လက္ခဏာ အရာကိုဖြစ်စေ၊   နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်သည့်အရာကို ဖြစ်စေ၊  ရုန်းရင်းဆန်ခတ် မှုဖြစ်စေနိုင်တာဖြစ်စေ၊  ဒါတွေနဲ့ ကန့်သတ်လို့ရပါ တယ်။ ပုဒ်မ-၁၄၄(၃)အရပဲ ဒီပုဒ်မအမိန့်ကို လူတစ်ဦး တစ်ယောက်တည်းသို့ဖြစ်စေ၊    အများပြည်သူ သို့ဖြစ်စေ ချအပ်ခွင့်ရှိသည်လို့ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ရဲ့  ပြောဆိုတဲ့အကြောင်း အရာတွေသည်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ အတွက်ကြောင့် ပုဒ်မ-၁၄၄(၃)အရ   လူတစ်ဦးတစ်ယောက်တည်းသို့  ကန့်သတ် ချမှတ်ရခြင်းဖြစ်ပါတယ်”

 


ဆက်လက်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့    ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက    ဖြည့်စွက်ပြောကြားရာ တွင်-
“အမှုတွေနဲ့  ပတ်သက်ပြီးတော့   နိုင်ငံတော် အတိုင်ပင်ခံဟောင်းနဲ့  သမ္မတဟောင်းရဲ့ အမှုတွေနဲ့ ပတ်သက်ပြီး  တည်ဆဲဥပဒေအရ ဆောင်ရွက်လျက် ရှိပါတယ်။

 

 အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ဥပဒေ ကို ကျော်လွန်ပြီး   ကျွန်တော်တို့  ဆောင်ရွက်နေတာ မရှိဘူး။   အဲဒီလို  ဆောင်ရွက်တဲ့နေရာမှာ   တချို့ သူတို့ရှေ့နေတွေရဲ့    ပြောစကားတွေသည်  ခုနက ကျွန်တော်ပြောတဲ့ဟာတွေနဲ့ ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို   ထိခိုက်စေ နိုင်တဲ့  လှုံ့ဆော်မှုမျိုးတွေအဖြစ်  အသွင်ပြောင်းသွား လို့မရပါဘူး။ ကျွန်တော်တို့က   အဲဒီလိုမျိုး   ဥပဒေ အရ ဆောင်ရွက်တဲ့နေရာမှာ ဒီလိုမျိုးကန့်သတ်ချက် တွေ၊ ဦးခင်မောင်ဇော်ကို ကျွန်တော်တို့  ကန့်သတ် တယ်။  ကန့်သတ်တဲ့နေရာမှာ      ကျွန်တော်တို့ အစိုးရအနေနဲ့ နှစ်မျိုးစဉ်းစားတယ်။  နံပါတ်တစ် အရတော့ ဥပဒေအရညီညွတ်မှု ရှိ/မရှိ။ နံပါတ်နှစ် အရတော့  ဆင်ခြင်တုံတရားအရ  တရားမျှတမှုရှိ/မရှိ ကျွန်တော်တို့ စဉ်းစားတယ်။ ဥပဒေအရညီညွတ် မှု ရှိ/မရှိတော့   ကျွန်တော်ပြောပြီးပြီ။    အခြေခံ  ဥပဒေအရရော၊  ရာဇဝတ်ကျင့်ထုံး ဥပဒေအရရော ညီညွတ်မှုရှိလို့၊  ဒါတွေကို   ကိုးကားပြီး  ကျွန်တော် တို့ထုတ်တာ။  ဆင်ခြင်တုံသဘောတရားအရဆိုတာ   ဘာလဲဆိုတော့  အခုအချိန်  ဒီနိုင်ငံမှာ ကျွန်တော်တို့   ဘာတွေ    ဖြစ်နေသလဲ၊ ဘာတွေလိုအပ်နေသလဲ။ ပြောလိုက်တဲ့      စကားတွေသည်    ဒါတွေကို   အထောက်အကူပြုသလား၊   တည်ငြိမ်အေးချမ်း ရေးကို    အထောက်အကူပြုသလား၊  ပိုပြီးဆိုးစေ သလား။   ဆင်ခြင်တုံ    သဘောတရားအရတော့ အားလုံးတွေးကြည့်ရင် သိနိုင်တယ်၊  လူတိုင်းတွေး ကြည့်ရင်သိနိုင်တယ်။   ဒီဟာတွေသည်  အကျိုး မဖြစ်ထွန်းနိုင်မှန်း သိနိုင်တယ်။ သိနိုင်တဲ့အတွက် ကြောင့်     ဒီကန့်သတ်ချက်ကို ဆောင်ရွက်ရခြင်း  ဖြစ်တယ်လို့ပဲ  ပြောချင်ပါတယ်” ဟု ပြောကြား သည်။                                          

သတင်းစဉ်