တရားစီရင်ရေးအာဏာ အပ်နှင်းခြင်းခံထားရသည့် တရားရုံးအသီးသီးမှ တရားသူကြီးများအနေဖြင့် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်၊ အဂတိတရားကင်းစွာဖြင့် ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူများ၏ယုံကြည်ကိုးစားမှုအား အပြည့်အဝရရှိမည်

မုံရွာ   ဇွန်    ၂၇


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေသည့်အဖွဲ့များနှင့် တွေ့ဆုံပွဲကို  ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီး တရားလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသ ကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ ခရိုင်၊ ရေဦးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်တို့မှ ခရိုင်တရားသူကြီးများ၊   တိုင်းဒေသကြီး   တရား လွှတ်တော်ရုံးမှ တရားသူကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ  တိုင်းဒေသကြီး   တရားရေးဦးစီးမှူး ဦးကျော်သောင်းအောင်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၏ တရားစီရင်ရေးဆိုင်ရာကိစ္စရပ် များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 


မှန်မှန်ကန်ကန်စစ်ဆေးဆုံးဖြတ်


ယင်းနောက်   တိုင်းဒေသကြီး    ဝန်ကြီးချုပ်က တရားစီရင်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြ သည့် တရားရေးဝန်ထမ်းများ၊ ဥပဒေရေးရာဝန်ထမ်း များ၊  ဆက်စပ်တာဝန်   ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့်  နိုင်ငံ့ဝန်ထမ်းများပီပီ   မိမိ နိုင်ငံတော်၏  ကျေးဇူးသစ္စာအား   စောင့်ထိန်းရင်း တိုင်းဒေသကြီးအတွင်း   တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် စိတ်ရင်းစေတနာပြည့်ဝစွာ ဖြင့်  ကြိုးစားဆောင်ရွက်ပေးသွားကြရန်  လိုအပ် ကြောင်း၊ တရားစီရင်ရေးအာဏာအပ်နှင်းခြင်းခံထား ရသည့်   တရားရုံးအသီးသီးမှ   တရားသူကြီးများ အနေဖြင့်   ပြည်သူများကြုံတွေ့နေရသည့်   မှုခင်း ဆိုင်ရာဖြစ်ပွားမှုများကို    တရားစီရင်ရေးလမ်း ကြောင်းပေါ်မှ  ဥပဒေနှင့်အညီ   မှန်မှန်ကန်ကန်၊ အဂတိတရားကင်းစွာဖြင့် ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူများ၏  ယုံကြည်ကိုးစားမှုကို  အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း၊   ဖြစ်ပွားခဲ့သည့်မှုခင်းများကို လည်း  အမြန်ပြီးပြတ်အောင်   မှန်မှန်ကန်ကန်ဖြင့် စစ်ဆေးဆုံးဖြတ်ကြစေလိုကြောင်း ပြောကြားသည်။

 


ဆက်လက်၍  တိုင်းဒေသကြီးအတွင်းရှိ   မုံရွာ၊ ကန့်ဘလူ၊ ရေဦး၊ ယင်းမာပင်ခရိုင်တို့မှ ခရိုင်တရား သူကြီးများက  မိမိတို့ခရိုင်အတွင်းရှိ   မြို့နယ်များ၏ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့်  လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို   ရှင်းလင်းတင်ပြ ကြသည်။  

 


ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်  တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝင်များက တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၏ တရားစီရင် ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်နေသည့် လုပ်ငန်း များအပေါ်  လိုအပ်သည်များကို  ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။  

 


ထို့နောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်   ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို   တာဝန်ရှိသူများနှင့်  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပသော တိုင်းဒေသကြီး   ဥပဒေချုပ်နှင့်   ဥပဒေအရာရှိများအား  တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ    တိုင်းဒေသကြီး    ဥပဒေအရာရှိ ဦးဝင်းနိုင်က တိုင်းဒေသကြီးအတွင်း ဥပဒေရေးရာလုပ်ငန်းများဆောင်ရွက်နေသည့်   အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

 


လာဘ်ပေးလာဘ်ယူကင်းရှင်းရေး


ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်က ဥပဒေအရာရှိများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည် နှင့်အညီ ပါတီနိုင်ငံရေးကင်းရှင်းရေး၊ လာဘ်ပေး လာဘ်ယူကင်းရှင်းရေးစသည့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် များကို   စောင့်ထိန်းလိုက်နာရသလို  ဥပဒေအရာရှိ   ကျင့်ဝတ်များနှင့်အညီလည်း ကျင့်ကြံနေထိုင်ကြ ရင်းဖြင့်  နိုင်ငံတော်က ပေးအပ်ထားသည့်တာဝန်များ ကို   ကျေပွန်စွာထမ်းဆောင်သွားကြသွားရန်   လိုအပ် ကြောင်း ပြောကြားသည်။

 


ဆက်လက်၍  တိုင်းဒေသကြီး   ဥပဒေချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဥပဒေရေးရာလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်က ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်   ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။      

                                       
တိုင်းဒေသကြီး (ပြန်/ဆက်)