
နေပြည်တော် ဖေဖော်ဝါရီ ၁
တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု တတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) ရှိ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်သည်။
ယနေ့ အသည်းအစားထိုး ခွဲစိတ်ကုသမှုမှာ ဦးသီဟန်သိန်းနှင့် ၎င်း၏ အသည်းအလှူရှင်ဖြစ်သော ဦးသူရ တို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာ တွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူ ခြင်းကို နံနက် ၉ နာရီခွဲတွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသော အသည်းကို ညနေ ၃ နာရီခွဲတွင် အသည်း လက်ခံလူနာထံသို့ အသည်းအစားထိုးခြင်း ဆောင် ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့် ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်း လက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လိုအပ်သော ပြုစုကုသမှုများကို အထူးကြပ်မတ်ကုသခန်း၌ သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ကာကွယ်ဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယခင်နေ့ရက်များတွင် ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သော အသည်းအလှူရှင် နှစ်ဦးနှင့် အသည်းလက်ခံလူနာ နှစ်ဦးတို့ကလည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်