တပ်မတော်တွင် ဆဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုလုပ်ငန်းဆောင်ရွက်

 

နေပြည်တော်   မေ   ၁၁
တပ်မတော်တွင်     ပထမအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ကို ၂၀၂၂ ခုနှစ်တွင် အသည်းအစား ထိုးလူနာ နှစ်ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်၊  တတိယအကြိမ် နှင့်  စတုတ္ထအကြိမ်တို့ကို ၂၀၂၃ ခုနှစ်တွင်     အသည်းအစားထိုး လူနာ ကိုးဦးဖြင့်   လည်းကောင်း၊ ပဉ္စမအကြိမ်ကို ၂၀၂၄ ခုနှစ်တွင် အသည်းအစားထိုးလူနာ   သုံးဦး ဖြင့် လည်းကောင်း  အောင်မြင်စွာ ခွဲစိတ်ကုသ ဆောင်ရွက်ပေးနိုင်ခဲ့ သည်။    ယခုအခါ     ဆဋ္ဌမအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ကို လူနာသုံးဦးဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ပထမနေ့ အသည်း အစားထိုး ခွဲစိတ်ကုသမှုကို ယနေ့ တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး  (ခုတင်-၁၀၀၀)    အထူးကုသမှုစင်တာ၌ ပြုလုပ်သည်။
အဆိုပါ  အသည်းအစားထိုး ခွဲစိတ်ကုသမှုကို   တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှု အဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်း အစားထိုး    ခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ် ပြီး     လူနာဖြစ်သူ     အမှတ်(၈)စစ်အခြေခံ    လေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး    အောင်နိုင်ဦးနှင့်    တူမ ဖြစ်သူ အသည်းအလှူရှင် ဒေါ်ဇင် မာလှိုင်တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
အသည်းအစားထိုး     ခွဲစိတ် ကုသမှု        ဆောင်ရွက်ရာတွင် အသည်းအလှူရှင်     လူနာထံမှ အသည်းထုတ်ယူခြင်းကို    နံနက် ၁၀ နာရီခွဲတွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသော  အသည်းကို  ညနေ ၅ နာရီခွဲခန့်တွင်   အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသ ခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့် ခဲ့သည်။ အသည်းအလှူရှင်လူနာ နှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြု/ကျွမ်းကျင်သူများ က  ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။
အသည်းအစားထိုး    ခွဲစိတ် ကုသမှုကို တပ်မတော်မှ တာဝန်ရှိ သူ    အရာရှိကြီးများက    ကြည့်ရှု အားပေးခဲ့ပြီး    မေ  ၁၂  ရက်နှင့် ၁၃ ရက်တို့တွင်     ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။    
သတင်းစဉ်