တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၇)တို့မှ သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများကို ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၂၉


တပ်မတော်သူနာပြုနှင့်   ဆေး ဘက်ပညာတက္ကသိုလ်၏ သူနာပြု နှင့်    ဆေးဘက်ပညာ    သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်    (၂၀)   နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၇)တို့မှ သင်တန်းဆင်းသင်တန်း သား၊ သင်တန်းသူများကို  ဆေး ဝန်ထမ်းတာဝန်   ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ ဒုံမြို့နယ်ရှိ    တပ်မတော်သူနာ ပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်   ကျောင်းအုပ် ကြီး    ဗိုလ်မှူးချုပ်    ဝင်းဗိုလ်နှင့် ကျောင်း    ဆင်းသင်တန်းသား၊ သင်တန်းသူများ   တက်ရောက်ကြ သည်။

 


အစီအစဉ်အရ ဒုတိယဗိုလ်ချုပ် ကြီး   စိုးမင်းဦးနှင့်    တပ်မတော် အရာရှိကြီးများ၊    တပ်မတော် သူနာပြုနှင့်       ဆေးဘက်ပညာ တက္ကသိုလ်   ကျောင်းအုပ်ကြီးတို့ သည် စင်မြင့်ထက်၌    နေရာယူကြ ပြီးနောက်    ဒုတိယ  ဗိုလ်ချုပ်ကြီး စိုးမင်းဦးက        ကျောင်းဆင်း သင်တန်းသား သင်တန်းသူတစ်ဦး ချင်းစီကို ဆေးဝန်ထမ်းတာဝန် ခန့်အပ်လွှာပေးအပ်သည်။

 


ထို့နောက်   ဒုတိယဗိုလ်ချုပ် ကြီး   စိုးမင်းဦးက   အမှာစကား ပြောကြားပြီး    အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း    သတင်းရရှိ သည်။

သတင်းစဉ်